Powered by Blogger.

FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဂျေမီဗာဒီဆွတ်ခူး



လက်စတာအသင်းရဲ့ တိုက်စစ်မှူး Jamie Vardy (ဂျေမီဗာဒီ)ဟာဆိုရင်တော့ အင်္ဂလန်ဘောလုံး အားကစားကလောင်ရှင်တွေက ရွေးချယ်ချီးမြှင့်တဲ့ FWA တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက် စံချိန်တင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဗာဒီဟာဆိုရင်တော့ ဒီဆုကို ရရှိဖို့ အသင်းဖော် မာရက်ဇ် ၊ ကန်တေနဲ့ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းတို့နဲ့အတူ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးအဆင့်မှာ ဗာဒီက ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်သားဟာဆိုရင်တော့  အသင်းအတွက် ၂၂ ဂိုးအထိ သွင်းယူပေးထားပြီး လက်စတာအသင်းကို ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးကို ရောက်ရှိဖို့အတွက် အကောင်းဆုံးကူညီပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။

FWA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဗာဒီကတော့ “ကျွန်တော့်ရဲ့ နာမည်ကို ဟိုအရင်က ရယူသွားခဲ့တဲ့ ကစားသမားကြီးတွေရဲ့ နာမည်နဲ့အတူ ဒီဆုစာရင်းမှာ ပါဝင်ခွင့်ရသွားလို့ ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ ဂုဏ်ပြုမှုလို့ မြင်မိပြီး အရမ်းကို တန်ဖိုးထားသွားမယ့် ဆုတစ်ဆုပါ။ ကျွန်တော့်ကို ဒီဆုရအောင် မဲပေးခဲ့ကြတဲ့ ဘောလုံးအားကစား ကလောင်ရှင်တွေကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဒီဆုရရှိမှုကိုတော့ ကစားသမားဟောင်းကြီး ဂယ်ရီလိုင်နီကာကလည်း ဂုဏ်ပြုခဲ့ပြီး စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကတော့ ဒီရာသီမှာ အသင်းအတွက် ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ထူးချွန်ဆုတစ်ခုမှ မဆွတ်ခူးနိုင်ခဲ့တာကို တွေ့ရပါတယ်။

လက်စတာအသင်းကွင်းလယ်လူ မာရက်ဇ်ကတော့ ပြီးခဲ့တဲ့အပတ်တုန်းကလည်း PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်နေတဲ့ လက်စတာအသင်းဟာ ချန်ပီယံဆုကိုပဲ သိမ်းပိုက်နိုင်ဖို့ ကျန်ရှိပါတော့တယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment