ရော်ဘတ်ဟုသ်ကို တံတောင်နဲ့တွတ်ခဲ့တဲ့ ဖယ်လေနီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ
မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား Fellaini (ဖယ်လေနီ)ကတော့ ရာသီကုန်အထိ ပွဲပယ်ခံရမယ့် နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မန်ယူအသင်းနဲ့ လက်စတာအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ယူရှေ့တန်းကို လက်စတာနောက်ခံလူတွေ ထိန်းသိမ်းရင်းနဲ့ အနည်းငယ်ကစားပုံကြမ်းတမ်းခဲ့တာလေးတွေ ရှိခဲ့ပါတယ်။
ဖယ်လေနီဟာဆိုရင်တော့ လက်စတာအသင်းနောက်ခံလူ ရောဘတ်ဟုသ်ကို ပွဲတွင်းမှာ တံတောင်နဲ့ နှစ်ချက်ဆင့်တွတ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို ဒိုင်လူကြီးက မြင်တွေ့ခြင်းမရှိခဲ့ပေမယ့်လည်း ပွဲအပြီး ရုပ်သံအနှေးပြကွက်တွေမှာ အခုလိုပဲတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ ဒီဖြစ်ရပ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟုသ်ကလည်း ဖယ်လေနီရဲ့ ဆံပင်ကို ဆောင့်ဆွဲထားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
ဒ့ါကြောင့် လက်စတာအသင်းနောက်ခံလူ ရောဘတ်ဟုသ်လည်း သုံးပွဲပယ်ပြစ်ဒဏ်ကို ဖယ်လေနီနဲ့အတူ ကျခံရဖွယ်ရှိနေပြီး ဘောလုံးသမားတွေရဲ့ မပြုလုပ်သင့်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
ဖယ်လေနီဟာဆိုရင်တော့ ဒီလုပ်ရပ်ကြောင့် အက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိနေပြီး တွစ်တာအသုံးပြုသူတစ်ချို့ကတော့ ဖယ်လေနီကို WWE နပန်းကစားသမားတစ်ယောက်အဖြစ် အပြောင်အပြက် ပြုလုပ်ခဲ့ကြသလို တစ်ချို့ကလည်း ကံကောင်းလို့ ဆက်ကစားနေရတယ်လို့ ရေးသားခဲ့ကြပါတယ်။
အလားတူဖြစ်ရပ်အနေနဲ့တော့ စပါးကွင်းလယ်လူ အယ်လီဟာဆိုရင်တော့ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဘရွန်းကစားသမား ယာကော့ဘ်ကို လက်နဲ့ ထိုးခဲ့တာကြောင့် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဖယ်လေနီဟာ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရမယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲအားလုံးကို လွဲချော်သွားဖွယ်ရှိနေပြီး ယခင်ရာသီနောက်ဆုံးပွဲစဉ်မှာတုန်းကလည်း ဒီလိုအပြုအမူကြောင့် ပွဲပယ်ဒဏ်တွေချမှတ်ခံခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : The Sun
0 comments :
Post a Comment