Powered by Blogger.

ရီးရဲလ်ကွင်းမှာ သွားရောက်ကစားရမှာကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပယ်လီဂရီနီပြော



ပယ်လီဂရီနီရဲ့ မန်စီးတီးအသင်းဟာဆိုရင်တော့ ချန်ပီယံဆီမီးဖိုင်နယ်ပထမအကျော့မှာတော့ ရီးရဲလ်အသင်းရဲ့ ကစားသမားအားနည်းနေမှုကို အခွင့်အရေးမယူနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ပေါင်ဒဏ်ရာကနေ သက်သာလာခဲ့ပြီးတဲ့နောက်မှာ တံကောက်ကြောဆဲလ်ကုသမှုခံယူရအုံးမှာဖြစ်တာကြောင့် နောက်ထပ်တစ်ကျော့မှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။

ဒါ့ကြောင့် Pellegrini (ပယ်လီဂရီနီ)က သူ့အနေနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ပွဲစဉ်ကို ကြောက်ရွံ့မှုမရှိနေဘဲ အိမ်ကွင်းမှာ အဝေးဂိုးမပေးခဲ့ရတာက ကောင်းတဲ့ရလဒ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ ပထမအကျော့ပွဲစဉ်ဟာဆိုရင်တော့ မန်စီးတီးအသင်းအတွက်ပြင်ဆင်ချိန်တစ်ရက်လျော့သွားခဲ့ပြီး တနင်္ဂနွေနေ့ ပွဲစဉ်ကို စနေနေ့မှာ ကစားခဲ့ရတာက သူတို့အတွက် ကံဆိုးစေခဲ့တယ်လို့လည်း ပယ်လီဂရီနီက ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမအကျော့မှာ အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ရတယ်လို့ လူတွေက ပြောနေကြပါတယ်။ ကျွန်တော်ကတော့ အဲ့လို့ မထင်မိပါဘူး။ ရော်နယ်ဒိုက သူတို့ဘက်ကမပါနိုင်ခဲ့ဘူး။ သူတို့ဘက်က ဘန်ဇီမာ ဒုတိယပိုင်းကျတော့ နားရတယ်။ ဘန်ဇီမာနားရတာက ဒေးဗစ်ဆေးလ်ဗားနားသွားတာနဲ့ တူတူပါပဲ။  ”

“ကျွန်တော်ကတော့ နောက်တစ်ကျော့ဆိုတဲ့အရာကို ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ အကောင်းဆုံးကစားသွားမှာပါ။နောက်တစ်ပတ်ကျရင် ကျွန်တော်တို့ အားလုံးကြံခိုင်မှုအပြည့်နဲ့ ရင်ဆိုင်သွားမှာပါ” လို့ ပယ်လီဂရီနီကပြောကြားခဲ့တာပါ။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment