Powered by Blogger.

မော်ရင်ဟိုရဲ့ လာမယ့်အလုပ်ဟာ အိုးထရက်ဖို့ဒ်မှာရှိတယ်လို့ မန်ယူအသင်းပြောခဲ့ဟုသတင်းထွက်



မန်ယူအသင်းက ပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်ကို နည်းပြနေရာအတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ခဲ့အပြီးမှာ Mourinho (မော်ရင်ဟို)ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မန်ယူအသင်းနဲ့ အနီးကပ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့က မော်ရင်ဟို နည်းပြဖြစ်လာမှာကို စိုးရိမ်နေပြီး ပီအက်စ်ဂျီနည်းပြ ဘလန့်ကို ဝိုင်းဝန်းထောက်ခံလျက်ရှိနေတယ်လို့ သတင်းတွေထွက်လာတာနဲ့ တစ်ပြိုင်နက် မော်ရင်ဟိုရဲ့ ကိုယ်စားလှယ်တွေကလည်း အခုလိုပဲ ထပ်တိုးဆွေးနွေးမှုတွေကို ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုဆွေးနွေးမှုအပြီးမှာတော့ မန်ယူအသင်းက မော်ရင်ဟိုအတွက် အသင်းမှာနေရာရှိနေတယ်လို့ အာမခံခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူနည်းပြဖြစ်လာနိုင်ချေ ရှိ/မရှိကတော့ မော်ရင်ဟိုရဲ့ စိတ်ဆန္ဒပေါ်မှာလည်း မူတည်လျက်ရှိနေပါတယ်။

မော်ရင်ဟိုနဲ့ မန်ယူအသင်းတို့ကြား ဆွေးနွေးမှုဟာဆိုရင်တော့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပြီး မကြာခင်ကာလအတွင်း သတင်းခေါင်းကြီးပိုင်းတွေမှာ မော်ရင်ဟို မန်ယူကို ကိုင်ဖြစ်/မကိုင်ဖြစ်ဆိုတာ တိတိကျကျသိရဖွယ်ရှိနေပါတယ်။ ဗြိတိန်သတင်းဋ္ဌာနတွေကတော့ လာမယ့် ၄၈ နာရီအတွင်းမှာ မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့ နောက်ရာသီနည်းပြသစ်ဖြစ်လာနိုင်တယ်လို့ ဖော်ပြနေခဲ့ကြပြီး မော်ရင်ဟိုရဲ့ သုံးနှစ်စာချုပ်ဟာ ပေါင်သန်းခြောက်ဆယ်အထိ တန်ကြေးရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အကယ်လို့သာ ဗြိတိန်မီဒီယာတွေ ဖော်ပြမှုက မှန်ကန်ခဲ့ရင် မော်ရင်ဟိုဟာ တစ်နှစ်လုပ်ခ ပေါင်သန်းနှစ်ဆယ်နဲ့ ကမ္ဘာ့လုပ်ခအများဆုံး နည်းပြတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ မန်ယူအသင်းကတော့ နည်းပြနေရာမှာ စပါးနည်းပြ ပိုချက်တီနို ၊ ပီအက်စ်ဂျီနည်းပြ ဘလန့်နဲ့ လက်ထောက်နည်းပြ ဂစ် တို့နဲ့ သတင်းတွေလည်း ထွက်နေပါသေးတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ သူ့အနေနဲ့ နည်းပြလောကကို အသင်းကြီးတစ်သင်းနဲ့သာပြန်လာမှာဖြစ်တယ်လို့ ပြောကြားထားပြီး မော်ရင်ဟိုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ မန်ယူနဲ့သူ့ကြားက သတင်းတွေကို တိတိပပပြောကြားနိုင်မှာပါ။ မန်ယူအသင်းကတော့ လက်ရှိနည်းပြ ဗန်ဟားလ်သာ အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့ရင်တော့ ဘယ်လိုအခြေအနေဖြစ်လာအုံးမယ် မသိရပေမယ့် မော်ရင်ဟိုကိုသာ ခန့်အပ်ဖွယ်ရှိနေတာကြောင့် မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ကို လာမယ့်ကာလတွေမှာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment