Powered by Blogger.

လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပြီး ခေတ်သစ်ဘောလုံးလောကကို ကိုင်လှုပ်








မနေ့ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာတော့ စပါးအသင်းက ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကတော့ လက်စတာအသင်းအတွက်ဖြစ်လာခဲ့ပါပြီ။ လက်စတာအသင်းဟာဆိုရင် မန်ယူအသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီသရေကျခဲ့တာကြောင့် စပါးအသင်းရဲ့ ရလဒ်ကို စောင့်ကြည့်ခဲ့ရတာပါ။




လက်စတာအသင်းသားတွေကတော့ တိုက်စစ်မှူးဗာဒီရဲ့ နေအိမ်မှာ စုဝေးနေခဲ့ကြပြီး အောင်ပွဲခံဖို့ စီစဉ်ထားခဲ့ကြတာပါ။ စပါးအသင်းကတော့ ချယ်လ်ဆီးအသင်းကို နှစ်ဂိုးသွင်းဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းကို ထိန်းမကစားနိုင်ခဲ့တာကြောင့် ချေပဂိုးတွေပြန်ပေးခဲ့ရပြီး နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။




ဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲနှစ်ပွဲသာ ကျန်ရှိတော့ချိန်မှာ စပါးအသင်းကို ခုနစ်မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ပွဲစဉ်မကုန်ခင်ချန်ပီယံဖြစ်သွားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့တဲ့ ဆဋ္ဌမမြောက်သောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။





လက်စတာအသင်းချန်ပီယံဖြစ်သွားချိန်မှာတော့ ဗာဒီရဲ့နေအိမ်မှာ လက်စတာအသင်းသားတွေက တစ်ပျော်တစ်ပါးအောင်ပွဲခံခဲ့ကြပြီး ၊ ပရိသတ်တွေကလည်း လက်စတာအိမ်ကွင်း ကင်းပါဝါရှေ့မှာ စုဝေးအောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြသလို သက်ဆိုင်ရာနေရာတွေမှာ ပရိသတ်တွေစုဝေးပြီး အောင်ပွဲခံခဲ့ကြတယ်လို့ သိရပါတယ်။






လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှုအပေါ် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အပါအဝင် နယ်ပယ်အသီးသီးက ထင်ရှားသူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် ခေတ်သစ်ဘောလုံးလောကရဲ့ ငွေသုံးမှ ဗိုလ်စွဲနိုင်မယ်ဆိုတဲ့ နိယာမကို စည်းလုံးညီညွတ်မှုတွေနဲ့ မြေခွေးအသင်းသားတို့ကတော့ ပြောင်းပြန်လှန်ပြခဲ့ပြီလည်း ဖြစ်ပါတယ်။






( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Daily Mail, Twitter

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment