Powered by Blogger.

လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ရော်နယ်ဒို မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်



ချန်ပီယံလိဂ်မှာ ၉၃ ဂိုးအထိသွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် Ronaldo (ရော်နယ်ဒို)ဟာဆိုရင်တော့ ရရှိနေတဲ့ ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာပြီး ရီးရဲလ်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်နေ့တည်းက ဒဏ်ရာရရှိနေတဲ့ ရော်နယ်ဒိုဟာဆိုရင်တော့ ရီးရဲလ်အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းအချိန်ပြည့်ဆင်းနိုင်ခဲ့ပြီး လာမယ့်မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက် အလားအလာကောင်းလျက်ရှိနေပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းအတွက် အရေးပါဆုံးကစားသမားတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ဒီရာသီအတွင်းမှာ ပြိုင်ပွဲစုံ ၄၇ ဂိုးအထိသွင်းယူပေးထားနိုင်သူပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု သုံးကြိမ်ရ ရော်နယ်ဒို ပြန်လည် ကစားနိုင်တာကြောင့် အသင်းဖော်တွေက ဝမ်းမြောက်လျက်ရှိနေပြီး အဓိကတိုက်စစ်မှူးနောက်တစ်ယောက်ဖြစ်တဲ့ ဘန်ဇီမာကတော့ ပြေးတဲ့လေ့ကျင့်ခန်းကိုသာ ပြုလုပ်နိုင်သေးတယ်လို့ သိရပါတယ်။

အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်မှာတော့ မန်စီးတီးအသင်းကို အကောင်းဆုံးဧည့်ခံနိုင်မယ်လို့ ယုံကြည်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားနိုင်မယ်လို့ ရီးရဲလ်ဂိုးသမား ကေလာနာဗတ်စ်နဲ့ ကွင်းလယ်လူ ကတ်စမဲရိုးတို့က ပြောကြားထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment