Powered by Blogger.

အဝေးဂိုးစည်းမျဉ်းနဲ့ အက်သလက်တီကိုအသင်း ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်



မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အက်သလက်တီကိုအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရထားတာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ ပထမအကျော့မှာတုန်းက ရရှိထားတဲ့ ဂိုးတစ်ဂိုးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပြီး ခံစစ်သက်သက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဘိုင်ယန်အသင်းကလည်း ဒီပွဲမှာ ဂိုးကံခေလွန်းခဲ့ပြီး ဖိုင်နယ်တက်ဖို့အတွက် ဇာတာမပါဘူးလို့ ပြောလို့ရပါတယ်။




ဘိုင်ယန်မြူးနစ်အသင်းကပဲ ဘောလုံးအသာ ၊ ကစားကွက်အသာ ၊ ဂိုးအခွင့်အရေးအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ကံမသာခဲ့တာကြောင့် စိတ်ပျက်စရာ ရလဒ်ကို ရင်ဆိုင်လိုက်ရတယ်။ ရတဲ့ပင်နယ်တီကိုလည်း မူလာ အပိုင်မသွင်းနိုင်ခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ လုံးပါး ပါးသွားခဲ့ရပါတယ်။ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာကတော့ ပွဲမတိုင်ခင်က အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ မနိုင်ရင် ကိုယ့်ကိုကိုယ်သတ်သေမယ်လို့ ပြောခဲ့တယ်။




အနိုင်ရခဲ့တာကြောင့်တော့ ဂွာဒီယိုလာ သတ်သေစရာမလိုတော့ပေမယ့် အဝေးဂိုးစည်းမျဉ်းက ဂွာဒီယိုလာကို ဒဏ်ခတ်ခဲ့တယ်။

နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေတဲ့ လီဝန်ဒေါစကီးကို ထည့်ကစားခဲ့တာက ဂွာဒီယိုလာမှားခဲ့ပြီး အက်သလက်တီကိုရဲ့ တန်ပြန်တိုက်စစ်ကို လျှော့တွက်ခဲ့တာက ပိုပြီးမှားသွားစေခဲ့ပါတယ်။ အက်သလက်တီကိုက ဘိုင်ယန်ကစားခဲ့ရတဲ့ ဘင်ဖီကာ ၊ အာဆင်နယ်တို့နဲ့ မတူပါဘူး။ ခံစစ်ကစားပုံကောင်းပြီး တန်ပြန်တိုက်စစ်က တစ်အားမြန်တဲ့ အဆိပ်ရှိတဲ့အသင်းတစ်သင်းဆိုတာ သက်သေပြခဲ့ပါတယ်။




ပထမပိုင်းမှာ ရခဲ့တဲ့ ဂိုးရှေ့ပြစ်ဒဏ်ဘောကနေတစ်ဆင့် အလွန်ဆိုက ကန်သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ငါးဆယ်ကျော်မှာတော့ အငိုက်မိနေတဲ့ ဘိုင်ယန်နောက်တန်းကို ဂရစ်ဇ်မန်းနဲ့ တောရက်စ်တို့ အချိတ်အဆက်ကနေတစ်ဆင့် ဂရစ်ဇ်မန်းက ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။ ရှေ့တန်းကိုပဲ အမြဲတမ်းလိုက်တက်နေတဲ့ အလာဘာကတော့ ဗီလိန်ဖြစ်သွားခဲ့ပြီး ဂရစ်ဇ်မန်း ပညာပေးတာခံလိုက်ရပါတယ်။

၇၃ မိနစ်မှာတော့ ဗီဒယ်လ်ရဲ့ ခေါင်းတိုက်ချက်ကနေ လီဝန်ဒေါစကီးက ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ဘိုင်ယန်တို့ အားတက်သွားခဲ့ပြီး ဂိုးရဖို့ တောက်လျှောက်ကြိုးစားခဲ့ပေမယ့် အက်သလက်ဂိုးသမား အော့ဘ်လက်ရဲ့ လက်စွမ်းပြမှုတွေကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ မက်ဒရစ်သားတို့ ဖိုင်နယ်တက်ရောက်သွားခဲ့ပါတယ်။





တစ်ဖက်မှာတော့ ရီးရဲလ်အသင်းက မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်စီးတီးကို အနိုင်ကစားဖို့ အခွင့်သာနေတဲ့ ရီးရဲလ်ကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်က All-Spanish ဖိုင်နယ်ဖြစ်လာအုံးမလားဆိုတာ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : My Brain

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment