Powered by Blogger.

ချယ်လ်ဆီးအသင်းက လာမယ့်ရာသီမှာဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံကို မိတ်ဆက်ပြသ




ချယ်လ်ဆီးအသင်းကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အိမ်ကွင်းအကျီ င်္ဝတ်စုံသစ်ကို ဒီနေ့မှာပဲ မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ Adidas ကနေပဲ စပွန်ဆာပေးထားတဲ့ ဒီဝတ်စုံကိုတော့ ပရီးမီးယားလိဂ်ရာသီကုန်ပွဲစဉ်ဖြစ်လာမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်မှာ မိတ်ဆက် ဝတ်ဆင်သွားဖွယ်ရှိနေပါတယ်။ အကျီ င်္ရဲ့ ဈေးနှုန်းဟာဆိုရင်တော့ ပေါင် ၉၀ သာရှိမှာဖြစ်တာကြောင့် ပရိသတ်တိုင်းလိုလို ဝယ်ယူဝတ်ဆင်နိုင်မှာဖြစ်တယ်လို့ ချယ်လ်ဆီးက ဆိုပါတယ်။






ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ အကျီရဲ့ ရင်ဘတ်စပွန်ဆာနေရာမှာတော့ Yokohama တာယာကိုပဲ ဆက်လက်ထားရှိသွားမှာဖြစ်ပြီး အကျီ င်္နေရာအတော်များများမှာလည်း ခြင်္သေ့ပြာပုံစံကို အလင်းရောင်ထဲမှာ မြင်ရမယ့် ဒီဇိုင်းနဲ့ထည့်သွင်းသွားထားတာကို တွေ့ရပါတယ်။ လည်ပင်းဒီဇိုင်းပိုင်းအနေနဲ့တော့ ချယ်လ်ဆီးအသင်း ယခုရာသီမှာဝတ်ဆင်နေတဲ့ ကြယ်သီးပုံစံဒီဇိုင်းနဲ့ မဟုတ်တော့ဘဲ အဖြူရောင် V-shape ပုံသဏ္ဍာန်လည်ဝိုက်အဖြစ်တွေ့ရပါတယ်။



Adidas ကတော့ သူတို့ရဲ့ Trademark ဖြစ်တဲ့ အစင်းသုံးကြောင်းကို အရင်ဝတ်စုံတွေနဲ့မတူညီ ၊ လက်မှာထည့်သွင်းသွားမှာ မဟုတ်ဘဲနဲ့ နံစောင်းနေရာမှာ ထည့်သွင်းသွားမယ်လို့ဆိုထားတဲ့အတိုင်းပဲ ချယ်လ်ဆီးအသင်းရဲ့ ဝတ်စုံမှာတော့ ဒီ ဒီဇိုင်းကို ပွဲဦးထွက် ပြသလိုက်ပြီဖြစ်ပါတယ်။




ပရိသတ်တွေအတွက် ထုတ်လုပ်ထားတဲ့ အင်္ကျီဗားရှင်းမှာတော့ ၆၅ ပေါင်ကျသင့်မှာဖြစ်ပြီး ကလေးဝတ်အကျီ င်္ တစ်ထည်အတွက်တော့ ၄၅ ပေါင်ကျသင့်မှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဒီဂျာစီအသစ်ကို ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ ဟာဇတ်နဲ့ လော့ဖ်တပ်စ်ချိခ်တို့က မော်ဒယ်ပြုလုပ်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လော့ဖ်တပ်စ်ချိခ်ကတော့ သူ့အနေနဲ့ အစင်းကြောင်းတွေကို လက်မှာတပ်ဆင်တာထက် နံစောင်းမှာ တပ်ဆင်တာကို ပိုပြီးတော့ သဘောကျတယ်လို့ ပြောပါတယ်။ ဟာဇတ်ကတော့ အကျီ င်္ဟာ ချောင်ချိသက်သာမှုရှိပြီး ဝတ်လို့ကောင်းတဲ့ ဂျာစီတစ်ခုဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment