Powered by Blogger.

မက်ဒရစ်နှစ်သင်း ဗိုလ်လုရတော့မယ့် ချန်ပီယံလိဂ်



ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်လာနိုင်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ ရီးရဲလ်အသင်းရဲ့ ဖိအားကို မခံနိုင်ခဲ့ဘဲနဲ့ ခြေစွမ်းအရအတော်လေးကို ကွာဟမှုတွေရှိနေခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာတော့ ရီးရဲလ်အသင်းက ဒဏ်ရာရှိနေသေးတဲ့ ရော်နယ်ဒိုက မဖြစ်မနေ အနေအထားနဲ့ ဝင်ရောက်ကစားခဲ့ပြီး မန်စီးတီးအသင်းကတော့ ကွန်ပနီကို ပွဲအစ ဆယ်မိနစ်မှာတင်ပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။

ရီးရဲလ်အသင်းရဲ့ ကစားပုံကတော့ ဒီပွဲမှာ သက်တောင့်သက်သာရှိခဲ့ပြီး ဂိုးပေါက်ကို အရမ်းမခြိမ်းခြောက်ခဲ့တာကို တွေ့ရပါတယ်။ မန်စီးတီးအသင်းကတော့ ရလဒ်ပိုင်းပြောင်းလဲနိုင်မယ့် အပိုင်အခွင့်အရေး နှစ်ကြိမ်လောက်ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် အခုလို ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။





မန်စီးတီးအသင်းကတော့ လူငယ်ကစားသမားကောင်းတွေဖြစ်တဲ့ စတာလင်နဲ့ အိုင်ဟီယန်နာချိုတို့ကို မိနစ်ခြောက်ဆယ်လောက်ကျမှထည့်သွင်းခဲ့ပြီး လူငယ်ကစားသမားတွေဝင်လာပြီး နောက်ပိုင်းမှာ ကစားပုံတိုးတက်လာတာကိုတွေ့ရပါတယ်။



ရီးရဲလ်အသင်းကတော့ ပွဲအစ မိနစ်နှစ်ဆယ်မှာတင်ပဲ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဂါရတ်ဘေးလ်ရဲ့ ကန်ချက်က ဖာနန်ဒိုကို ထိမိပြီး ဂျိုးဟတ်မဖမ်းနိုင်တဲ့ အပေါ်ထောင့်ထဲကို ဝင်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ အစ္စကို နဲ့ မိုဒရစ်တို့က အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။




ကွန်ပနီအစားဝင်ရောက်လာခဲ့တဲ့ မန်ဂါလာကတော့ သိပ်ပြီး တွန်းတွန်းတိုက်တိုက်မကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်ရှေ့တန်းတွေကို သိပ်မယှဉ်နိုင်တာတွေ့ရပါတယ်။ မန်စီးတီး တောင်ပံနောက်ခံကစားသမား ဆက်ဂ်နာကတော့ အစ္စကိုကို မနည်းထိန်းနေရပြီး နောက်မှာပဲ ရောက်ရောက်နေတတ်တာတွေ့ရပါတယ်။

ရီးရဲလ်အသင်းအတွက်တော့ သက်တောင့်သက်သာနိုင်ပွဲလို့ဆိုရမှာဖြစ်ပြီး ပီပီဦးဆောင်တဲ့ ခံစစ်က အဂွဲရိုးတို့ကို လှုပ်လို့တောင်မရစေခဲ့ပါဘူး။
ဒ့ါကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်ကတော့ နောက်ထပ်တစ်ကြိမ် All-Spanish ဖိုင်နယ်ဖြစ်လာခဲ့ပြီး စပိန်အသင်းတွေရဲ့ လွှမ်းမိုးမှုကို ပြိုင်ဘက်နိုင်ငံတွေက ရပ်တန့်လို့မရခဲ့တာတွေ့ရပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment