Powered by Blogger.

ချန်ပီယံဆုရှင်အသင်းသားတွေကို မာစီးဒီးကားတစ်စီးစီ ချီးမြှင့်မယ့် လက်စတာအသင်းပိုင်ရှင်



ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကလပ်သမိုင်းတစ်လျှောက် ၁၃၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ လက်စတာအသင်းကတော့ သူတို့ရဲ့ အောင်ပွဲခံအစီအစဉ်တွေကို ဆက်တိုက်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

လက်စတာအသင်းပိုင်ရှင် ထိုင်းဘီလျံနာ ဗီချိုင်းကတော့ လက်စတာအသင်းသားတစ်ယောက်စီတိုင်းကို မာစီးဒီးကားတစ်စီးစီ ဆုချီးမြှင့်သွားတော့မှာဖြစ်ပါတယ်။ Marcedes B-Class Electric Drive မော်ဒယ် ကားတစ်စီးစီကို အသင်းသားအယောက်စိတိုင်းအတွက် လက်ဆောင်ဆုချီးမြှင့်သွားမှာဖြစ်ပြီး တစ်စီးကို ပေါင် ၃၂၆၀၀ တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် လတ်စ်ဗီးဂတ်စ်မှာ ပျော်စရာညတွေဖန်တီးပေးမယ်လို့ ပိုင်ရှင်ဖြစ်သူ ဗီချိုင်းက ကတိပေးထားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် လက်စတာအသင်းသားတွေဟာ လတ်စ်ဗီးဂတ်စ်မှာ ပျော်စရာညတွေကို ကျော်ဖြတ်ရအုံးမှာဖြစ်ပါတယ်။

အသင်းသားတွေဟာဆိုရင်တော့ သူတို့ရဲ့အသင်းကို ချန်ပီယံဆုရရှိဖို့အတွက် ၅၀၀၀ လေး ၁ လေး လောင်းကြေးထပ်ခဲ့ရာကနေ ပေါင် ၆ သန်းခွဲလောက်ကို ထပ်မံရရှိအုံးမှာဖြစ်တယ်လို့ သိရပါတယ်။ လက်စတာအသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှုတွေကြောင့် အပိုဆုကြေးပေါင်းများစွာကို ရရှိဖွယ်လည်း ရှိနေပါတယ်။

လက်စတာအသင်းဟာဆိုရင်တော့ သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကန်တေ ၊ မာရက်ဇ်နဲ့ ဗာဒီတို့ကို ရောင်းချသွားဖို့မရှိဘဲ အသင်းကိုသာ အားဖြည့်မှုတွေပြုလုပ်သွားအုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment