Powered by Blogger.

ဥရောပအောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ ကြိုးကြာနီတို့ ယူရိုပါလိဂ်ဖိုင်နယ်တက်


အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့တာကြောင့် လီဗာပူးလ်တို့ကတော့ အိမ်ကွင်းမှာ အကောင်းဆုံးတိုက်စစ်တစ်ရပ်နဲ့ ကစားပြခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းကလည်း တစ်ဂိုးလောက်ရရင်ကို အတော်လေးအခြေအနေကောင်းသွားမှာဖြစ်တာကြောင့် ခံစစ်သက်သက်မကစားသွားဘဲ တိုက်စစ်ကို ကောင်းကောင်းပြန်ကစားခဲ့ပါတယ်။


ဘရူနိုနဲ့ထိပြီး အဖွင့်ဂိုးဝင်သွားစဉ်


လီဗာပူးလ်အသင်းကတော့ တိုက်စစ်ကို ဖေမီနို ၊ စတာရစ်ခ်ျတို့နဲ့ ပုံဖော်လာခဲ့ပြီး ဗီလာရီးရဲလ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၆ မိနစ်မှာတင်ပဲ စတာရစ်ခ်ျရဲ့ ဘောလုံးချော်ကန်ရာကနေ တစ်ဆင့် ဗီလာရီးရဲလ်နောက်ခံလူ ဘရူနိုနဲ့ ထိပြီး အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။


စတာရစ်ခ်ျရဲ့ လူကျွံထောင်ချောက်ဖောက်ထွက် ဂိုးသွင်းမှု


အဖွင့်ဂိုးပေးလိုက်ရတဲ့နောက်ပိုင်းမှာတော့ ဗီလာရီးရဲလ်အသင်းက ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဆိုလ်ဒါဒိုတို့ တိုက်စစ်အတွဲကလည်း လီဗာပူးလ်နောက်တန်းကို အတော်လေးအလုပ်ရှုပ်စေခဲ့တာကို တွေ့ရပါတယ်။ ဒုတိယပိုင်းအရောက် ပွဲချိန် ၆၂ မိနစ်မှာတော့ စတာရစ်ခ်ျက လူကျွံထောင်ချောက်ထဲကို ဖြတ်ကျော်သွင်းယူခဲ့ပါတယ်။



လယ်လာနာရဲ့ တတိယဂိုး


၇၁ မိနစ်မှာတော့ ဗီလာရီးရဲလ်နောက်ခံကစားသမား ဗစ်တာရုဇ် ထုတ်ပယ်ခံခဲ့ရတာကြောင့် နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်အသင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး တတိယဂိုးကိုတော့ မိနစ် ၈၀ အရောက်မှာ ဖေမီနိုရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ စတာရစ်ခ်ျကန်ခဲ့ပြီး ဂိုးရှေ့မှာ ရှိနေတဲ့ လယ်လာနာက ထပ်ပိတ်သွင်းယူခဲ့တာပါ။ ဒါ့ကြောင့် လီဗာပူးလ်အသင်းက နှစ်ကျော့ပေါင်း သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တစ်ဖက်ဆီမီးဖိုင်နယ်မှာလည်း ဆီဗီလာအသင်းက ရှက်တာဒိုးနက်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၃ ဂိုးနဲ့ ဆီဗီလာတို့ သုံးနှစ်ဆက်တိုက် ယူရိုပါလိဂ်ဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရတော့မှာပါ။



အောင်ပွဲခံနေတဲ့ လီဗာပူးလ်အသင်းသားများ


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : ap

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment