Powered by Blogger.

ချယ်လ်ဆီးအသင်းက ကွင်းလယ်လူမာတစ်ကို ဂျူဗင်တပ်သို့ရောင်းချရန် ပြင်ဆင်နေ



ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ ဆာဘီးယားကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို ဂျူဗင်တပ်အသင်းကို ရောင်းချဖို့ ပြင်ဆင်နေပြီး ဂျူဗင်တပ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ကွာဒရာဒိုကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နည်းပြမော်ရင်ဟို ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က အဓိကကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့တဲ့ မာတစ်ဟာဆိုရင်တော့ ယာယီနည်းပြ ဂူဟစ်ဒင့် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့အချိန်ကနေစပြီး အသင်းမှာ နေရာပျောက်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကလည်း ချယ်လ်ဆီးအသင်းကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ကွာဒရာဒိုကို ချယ်လ်ဆီးအသင်းကို ပြန်လက်လွှတ်ရမယ့်အချိန်မှာ အစားထိုးဖို့အတွက် မာတစ်ကို မျက်စိကျလျက်ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ဟို လက်ထက်မှာ အဆင်မချောခဲ့တဲ့ ကွာဒရာဒိုကတော့ နည်းပြသစ် ကွန်တီလက်ထက်မှာ ပြန်လည်ခြေစွမ်းပြနိုင်ဖို့အတွက် အခွင့်အရေးတွေရှိနေတာကြောင့် ချယ်လ်ဆီးအသင်းကို ပြန်သွားဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ မာတစ်ကို ပေါင်သန်း ၂၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး နည်းပြသစ်ဖြစ်လာမယ့် ကွန်တီကလည်း မာတစ်ကို ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။ ကွန်တီကတော့ နောက်ထပ်ချယ်လ်ဆီးကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ အော်စကာကိုလည်း ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီး အဓိက ကစားသမား ဟာဇတ်ကိုတော့ အသင်းမှာပဲ ဆက်ရှိစေလိုတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာမယ့် ကွန်တီလက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု များစွာကို ပြန်လည်တွေ့မြင်ရဖွယ်ရှိနေပြီး ရိုးမားအသင်းရဲ့ ကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ကွန်တီလက်ထက် ပထမဆုံးအပြောင်းအရွှေ့ လှုပ်ရှားမှုအဖြစ် သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment