Powered by Blogger.

မန်ယူအသင်းကို ကိုင်တွယ်ဖို့ နောက်ထပ်တစ်ရာသီစောင့်ရမည့်ကိစ္စကို မော်ရင်ဟို လက်မခံ


မန်ယူအသင်းကတော့ လက်ရှိနည်းပြဗန်ဟားလ်ကို စာချုပ်သက်တမ်းပြည့်တဲ့အထိ အသင်းကို ကိုင်တွယ်စေမယ်လို့ သတင်းထွက်နေခဲ့ပါတယ်။ Louis Van Gaal (လူးဝစ်ဗန်ဟားလ်)ဟာဆိုရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးတာကြောင့် သူ့နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတဲ့ နည်းပြ Mourinho (မော်ရင်ဟို)ကတော့ မန်ယူအသင်းကို ကိုင်တွယ်ဖို့ တစ်နှစ်လောက်စောင့်နေမှာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ မော်ရင်ဟိုကို တစ်နှစ်လောက် စောင့်ဆိုင်းနေစေလိုပြီး တရုတ်စူပါလိဂ်လိုနေရာမှာ ယာယီနည်းပြတာဝန်ကို ထမ်းဆောင်စေချင်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းနဲ့ ဗန်ဟားလ်ရဲ့ အနာဂတ်ကတော့ အခုချိန်အထိ မရေရာတဲ့အနေအထားမှာရှိနေသေးပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဗန်ဟားလ်ကို နောက်တစ်ရာသီမှာလည်း မန်ယူနည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိနေတာပါ။

နည်းပြမော်ရင်ဟိုကလည်း ချယ်လ်ဆီးနည်းပြအဖြစ် ထုတ်ပယ်ခံရပြီးတည်းက ဘောလုံးရပ်ဝန်းကနေ ခြောက်လလောက်အထိ ပျောက်ဆုံးနေခဲ့ပြီး အသင်းကြီးတစ်သင်းကို ကိုင်တွယ်ပြီး ဘောလုံးလောကကို ပြန်ဝင်ရောက်မယ်လို့ ကြုံးဝါးထားသူတစ်ယောက်ဖြစ်ပါတယ်။

လောလောဆယ်မှာ မန်ယူအသင်းက မော်ရင်ဟိုကိုင်တွယ်နိုင်တဲ့ ကလပ်ဖြစ်နေသေးပြီး မန်ယူရဲ့နောက်မှာတော့ မကြာခင်ကမှ လက်ရှိနည်းပြ လောရင့်ဘလန့်ကို သက်တမ်းတိုးထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ရပ်တည်လျက်ရှိနေပါတယ်။ အခုလိုသတင်းတွေကြောင့် မော်ရင်ဟို ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းကလည်း မော်ရင်ဟိုကို ချိတ်ဆက်မှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment