Powered by Blogger.

စပါးအသင်းက ဟာရီကိန်းကို အသင်းသမိုင်းတစ်လျှောက်အမြင့်ဆုံးလစာနဲ့ စာချုပ် ချုပ်ဆိုသွားမည်


တော့တင်ဟမ်ကတော့ သူတို့အသင်းသမိုင်းတစ်လျှောက်မှာ လစာအများဆုံးကစားသမားအဖြစ် အဓိကတိုက်စစ်ကစားသမား Harry Kane (ဟာရီကိန်း)ကို မှတ်တမ်းရေးထိုးတော့မယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာဆိုရင်တော့ လက်ရှိအချိန်မှာ ရရှိနေတဲ့ တစ်ပတ်ပေါင်ငါးသောင်းကို နှစ်ဆလောက်ရရှိသွားတော့မှာဖြစ်ပြီး ဒီလိုစာချုပ်သက်တမ်းတိုးမယ့် အစီအစဉ်ဟာ စပါးအသင်းမှာ အမြင့်ဆုံးလစာအဖြစ် မှတ်တမ်းတင်ထားခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းစံချိန်ကိုပါ ရိုက်ချိုးသွားတော့မှာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကမှ စပါးအသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၅ သောင်းနဲ့ ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ဟာရီကိန်းဟာ အရင်ရာသီက အသင်းအတွက် ၃၁ ဂိုးသွင်းယူပေးခဲ့တဲ့အပြင် ဒီရာသီမှာလည်း လက်ရှိအချိန်ထိ အသင်းအတွက် ၂၈ ဂိုးသွင်းယူပေးထားနိုင်တာကြောင့် ဆုကြေးချီးမြှင့်တဲ့အနေနဲ့ အခုလို လစာငွေတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းရဲ့ အခုလို တစ်ပတ်လုပ်ခပေါင်တစ်သိန်းစာချုပ်ဟာဆိုရင်တော့ လာမယ့် နွေအပြောင်းအရွှေ့မှာ အမှန်တကယ်ဖြစ်လာဖွယ်ရှိပြီး မန်ယူအသင်းကလည်း ဟာရီကိန်းကို ခေါ်ယူဖို့ တောက်လျှောက်ကမ်းလှမ်းနေတာကြောင့် စပါးအသင်းက အခုလို လစာငွေတိုးမြှင့်မှုပြုလုပ်လိုက်တာဖြစ်ပါတယ်။

စပါးအသင်းရဲ့ အာဂျင်တီးနားလူမျိုးနည်းပြဖြစ်တဲ့ ပိုချက်တီနိုကိုလည်း စပါးအသင်းက ငါးနှစ်စာချုပ်ထပ်မံချုပ်ဆိုပြီးတဲ့နောက်မှာ အသင်းရဲ့ အဓိက ကစားသမားတွေကိုလည်း အသင်းတာဝန်ရှိသူတွေက ဆက်တိုက် စာချုပ်သက်တမ်းတိုးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အဲရစ်ဆင်ကိုလည်း တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းနဲ့ လေးနှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ စပါးအသင်းကရည်မှန်းထားပြီး လာမယ်လာ ၊ အယ်လီနဲ့ အဲရစ်ဒိုင်ယာစတဲ့ လူငယ်ကစားသမားတွေကိုလည်း စာချုပ်သက်တမ်းတိုးမှုတွေ ပြုလုပ်ဖို့အတွက် စပါးအသင်းက စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီနည်းပြ ဒီအစုအဖွဲ့နဲ့ အောင်မြင်မှုတွေ ရယူဖို့ စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက အလိုရှိနေပြီး လာမယ့် ရာသီတွေမှာ ဆုဖလားတွေရယူနိုင်ဖို့အတွက် ပစ်မှတ်ထားယှဉ်ပြိုင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment