Powered by Blogger.

မန်ယူနည်းပြအဖြစ် ဗန်ဟားလ်ဆက်ရှိနေပါက ဂိုးသမား ဒီဂီယာအသင်းပြောင်းမည်


မန်ယူအသင်းရဲ့ အားထားရတဲ့ ဂိုးသမားတစ်ယောက်ဖြစ်တဲ့ De Gea (ဒီဂီယာ)ကတော့ လက်ရှိနည်းပြ Van Gaal (ဗန်ဟားလ်)သာ နောက်တစ်ရာသီမှာလည်း မန်ယူနည်းပြအဖြစ်ဆက်ရှိနေအုံးမယ်ဆိုရင် အိုးထရက်ဒ်ဖို့ဒ်ကနေ ထွက်ခွာဖို့အသင့်ဖြစ်နေတယ်လို့ DailyMail က ဖော်ပြခဲ့ပါတယ်။

ဒီဂီယာဟာ ဗန်ဟားလ်ရဲ့ လက်အောက်မှာ ကစားရတာကို မပျော်ရွှင်ဖြစ်နေပြီး ဒီဂီယာကို အဓိက ခေါ်ယူလိုနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီဂီယာဟာ အရင်နှစ်အပြောင်းအရွှေ့တုန်းကလည်း အသင်းပြောင်းမလိုဖြစ်ခဲ့ပြီးမှ မန်ယူအသင်းနဲ့ လေးနှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး မန်ချက်စတာမြို့မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို သုံးနှစ်ဆက်ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီဂီယာဟာ PFA တစ်နှစ်တာအကောင်းဆုံး ဂိုးသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဒီဂီယာရဲ့ တန်ကြေးဟာ ဂိုးသမားတစ်ယောက်ရဲ့ အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၃၀ လောက်အထိလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးဖို့ သေချာသွားတဲ့ နောက်မှာ အသင်းမှာ လက်ရှိကစားနေတဲ့ နာမည်ကျော်ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာပြီး ပရီးမီးယားလိဂ်မှာ ကစားတော့မယ်လို့ တရားဝင်ကြေညာထားခဲ့တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေ စတင်နေတယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးကတော့ သူ့ကို ခေါ်ယူမယ့် ပရီးမီးယားလိဂ်အသင်းတွေကို စောင့်မျှော်နေတယ်လို့ ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment