Powered by Blogger.

ပရိသတ် နှစ်သိန်းလေးသောင်းနဲ့အတူ မြို့ထဲမှာ လှည့်လည် အောင်ပွဲခံခဲ့တဲ့ လက်စတာအသင်း



ပရီးမီးယားလိဂ် ချန်ပီယံဆုကို အသင်းတည်ထောင်ခဲ့တဲ့ ၁၃၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့တဲ့ လက်စတာအသင်းဟာ လက်စတာမြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြပြီး ထောင်ပေါင်းများစွာသော ပရိသတ်တွေက သောင်းသောင်းဖြဖြအားပေးကြိုဆိုခဲ့ကြပါတယ်။



လက်စတာအသင်းနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ပရိသတ်အရေအတွက်ကို ရေတွက်ခဲ့ရာမှာလည်း  နှစ်သိန်းလေးသောင်းလောက်အထိကို ရှိနေတယ်လို့လည်း သိရပါတယ်။

လက်စတာမြို့ရဲ့ ဂျူဘလီရင်ပြင်ကနေ ဗစ်တိုးရီးယားပန်းခြံအထိ လှည့်လည်အောင်ပွဲခံရာ လမ်းတစ်လျှောက်မှာတော့ အသင်းရဲ့ ပရိသတ်တွေက လေးဖက်လေးတန်ပြည့်နှက်နေပြီး အော်ဟစ်အားပေးခဲ့ကြပါတယ်။


ဗာဒီနဲ့ ရာနီရေးရီ



လက်စတာအသင်းပိုင်ရှင်များ
အောင်ပွဲခံမှုမှာတော့ လက်စတာအသင်းနည်းပြနဲ့ ကစားသမားတွေအပါအဝင် ၊ အသင်းတာဝန်ရှိသူတွေ ၊ အသင်းပိုင်ရှင်တွေပါ လိုက်ပါခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်အများဆုံးအားပေးမှုခံခဲ့ရသူကတော့ နည်းပြ ရာနီရေးရီဖြစ်ပြီး အီတလီနည်းပြဖြစ်သူရဲ့ မျက်နှာဖုံးတွေကို ပရိသတ်အတော်များများက ဝတ်ဆင်ဂုဏ်ပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ကားပေါ်က လက်စတာအသင်းသားများ


မာရက်ဇ် ၊ရှမိုက်ကယ်နဲ့ အသင်းခေါင်းဆောင် ဝက်စ်မော်ဂန်


ဗစ်တိုးရီးယားပန်းခြံက လက်စတာပရိသတ်များ
လက်စတာအသင်းသားတွေကတော့ အသင်းပိုင်ရှင် ဗီချိုင်းရဲ့ မာစီးဒီးကားတစ်စီးစီကို ဆုချီးမြှင့်ခံခဲ့ရပြီးတဲ့နောက်မှာတော့ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံအခမ်းအနားကျင်းပပေးခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာတော့ လက်စတာအသင်းဟာ လက်စ်ဗီးဂပ်စ်မြို့မှာ ပျော်စရာညတွေကို ဖန်တီးဖို့အခွင့်အရေးတွေ ရရှိအုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment