Powered by Blogger.

ရာနီရေးရီကို ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်


အီတလီလူမျိုးနည်းပြဟာဆိုရင်တော့ အီတလီနိုင်ငံဘောလုံးအသိုင်းအဝိုင်းက ချီးမြှင့်ခဲ့တဲ့ အီတလီလူမျိုး အကောင်းဆုံးနည်းပြဆုကိုလည်း မကြာခင်ကမှရရှိခဲ့ပြီး ယခုအခါမှာတော့ ပရီးမီးယားလိဂ်က ချီးမြှင့်တဲ့အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး လက်စတာအသင်းကို မဖြစ်နိုင်တဲ့အနေအထားကနေ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ Ranieri (ရာနီရေးရီ)ကတော့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရာနီရေးရီဟာ ၂၀၀၂ နဲ့ ၂၀၀၄ ခုနှစ်တွေတုန်းက ဒီဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ ပြင်သစ်လူမျိုး အာစင်ဝင်းဂါးရဲ့နောက် စကော့တလန်နဲ့ အင်္ဂလန်လူမျိုးမဟုတ်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။ ရာနီရေးရီဟာ ပရီးမီးယားလိဂ်ကချီးမြှင့်တဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကိုလည်း ဒီဘောလုံးရာသီမှာ လက်စတာအသင်းနဲ့အတူ သုံးကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။

ချန်ပီယံရှစ်အကောင်းဆုံးနည်းပြဆုကိုတော့ ဘရိုက်တန်အသင်းရဲ့နည်းပြ ခရစ်ဟူတန်က ရရှိခဲ့ပြီး အင်္ဂလန်အမှတ်ပေး ပထမတန်း ဘောလုံးလိဂ် အကောင်းဆုံးနည်းပြဆုကိုတော့ ဝီဂန်အသင်းနည်းပြ ဂယ်ရီကယ်ဒ်ဝဲလ် ၊ အင်္ဂလန်အမှတ်ပေး ဒုတိယတန်း ဘောလုံးလိဂ် အကောင်းဆုံးနည်းပြဆုကိုတော့ နော့သမ်တန်အသင်းရဲ့ နည်းပြ ခရစ်ဝိုင်လ်ဒါတို့က အသီးသီးဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment