Powered by Blogger.

စပါးနည်းပြ ပိုချတ်တီနိုက နယူးကာဆယ်အသင်းကို ရှက်ဖွယ်လိလိရှုံးနိမ့်ခဲ့မှုအတွက်တောင်းပန်


စပါးအသင်းကတော့ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ငါးဂိုးတစ်ဂိုးအရှုံးကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို ပြတ်သားတဲ့အရှုံးကို ရင်ဆိုင်လိုက်ရတဲ့နောက်မှာတော့ စပါးအသင်းရဲ့နည်းပြ ပိုချက်တီနိုက နည်းပြသက်တမ်းတစ်လျှောက်မှာ အဆိုးဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပြီး အသင်းရဲ့ ကစားပုံကိုလည်း ရှက်ရွံ့မိတယ်လို့ ညည်းတွားခဲ့ပါတယ်။

 ဒီအရှုံးကြောင့် အက်စတွန်ဗီလာအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်းကို ဒုတိယနေရာကနေ ဖယ်ပေးလိုက်ရပြီး စပါးအသင်းကတော့ အဆင့်သုံးနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့တော့ အသင်းပရိသတ်တွေကို တောင်းပန်လိုပါတယ်။ ကျွန်တော်တို့အသင်းကတော့ တကယ့်ကို ဆိုးဆိုးဝါးဝါးကစားနေခဲ့တာပါ။ ကျွန်တော်ရှက်မိပါတယ်။ တစ်ရာသီလုံးကစားခဲ့တဲ့ ပုံစံနဲ့ မတူညီခဲ့ပါဘူး။ ကျွန်တော်စပိန်မှာရော ၊ အင်္ဂလန်မှာပါ နည်းပြခဲ့တဲ့ မှတ်တမ်းတွေထဲမှာတော့ ဒီနေ့က အဆိုးဆုံးပါပဲ” လို့ ပိုချက်တီနိုက ပြောပါတယ်။

ဒီလိုရှုံးရတာဟာဆိုရင်လည်း အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေကြောင့် မဟုတ်ဘဲ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက် တတိယနေရာမှာ ရပ်တည်လိုက်ရတာနဲ့ ပတ်သက်ပြီးတော့လည်း အသင်းကို အားမရဖြစ်မိပြီး အဆင့် ၂ နေရာမှာပဲ ရပ်တည်ချင်ခဲ့တာဖြစ်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။



စပါးအသင်းရဲ့ ရှုံးပွဲဟာ ကွင်းလယ်လူ အယ်လီမပါဝင်နိုင်မှုနဲ့လည်း တိုက်ရိုက်စပ်ဆိုင်နေနိုင်တယ်လို့ မီဒီယာတွေက ဝေဖန်လျက်ရှိနေကြပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment