Powered by Blogger.

အန်ဆယ်လော့တီရဲ့ဘိုင်ယန်အနာဂတ်လူစာရင်းမှာ ဂေါ့ဇီမပါဝင်တော့ ၊ ချယ်လ်ဆီးက ခေါ်ယူရန်စီစဉ်


ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်ဖြစ်လာမယ့် အန်ဆယ်လော့တီက ဂေါ့ဇီဟာ သူ့ရဲ့ လာမယ့် ရာသီ အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘူးလို့ ပြောကြားလိုက်တာကြောင့် ချယ်လ်ဆီးအသင်းက ဒီကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပုဂ္ဂိုလ်ရေးအရ အန်ဆယ်လော့တီရဲ့ အစီအစဉ်ကို သိပြီးဖြစ်တာကြောင့် ဂေါ့ဇီနဲ့ အပြောင်းအရွှေ့ကိစ္စကို တစ်ခြားအသင်းတွေထက် လက်ဦးမှုရအောင် လုပ်ဆောင်ထားပြီးဖြစ်ပြီး ဂေါ့ဇီရဲ့ ကိုယ်စားလှယ်တွေနဲ့ ပထမအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ် သိရပါတယ်။

ဘိုင်ယန်အသင်းကတော့ ဂေါ့ဇီရဲ့ နေရာကို အစားထိုးဖို့အတွက် ဘင်ဖီကာအသင်းရဲ့ လူငယ်ခြေတက်ကွင်းလယ်ကစားသမား ရီနတိုဆန်းချက်စ်ကို ခေါ်ယူထားပြီးဖြစ်ပြီး ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းကတော့ အသက် ၂၃ နှစ်အရွယ် ဂေါ့ဇီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း အလိုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဂေါ့ဇီကိုတော့ လီဗာပူးလ်အသင်းကလည်း စောင့်ကြည့်လျက်ရှိနေပါတယ်။ ဂေါ့ဇီရဲ့ ဆရာဟောင်းဖြစ်သူ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်လျက်ရှိနေပြီး ဂေါ့ဇီဟာ ကလော့ပ်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အန်ဖီးလ်ကို ခေါ်ယူချင်ဖွယ်ရှိနေပါတယ်။

ခြင်္သေ့ပြာတို့ကတော့ သူတို့ရဲ့ ကျဆုံးခန်းတွေကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့အတွက် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက်အထိ အသုံးပြုသွားဖွယ်ရှိနေပြီး လောလောဆယ်မှာတော့ ရိုးမားအသင်းရဲ့ ကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ခေါ်ယူဖို့ သဘောတူညီထားပြီးဖြစ်တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment