Powered by Blogger.

ဥရောပ ဘောလုံးရပ်ဝန်းမှ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ



ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပအသင်းကြီးတွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဘောလုံးရာသီတစ်ခု ပြီးဆုံးလို့ အချိန်ဘယ်လောက်မှ မကြာသေးချိန်မှာပဲ ဥရောပ အသင်းကြီးတွေကတော့ ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက်ကို အပြိုင်အဆိုင်ခေါ်ယူမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ အသင်းတိုင်းကို လျှော့တွက်လို့ မရတာကြောင့် အရင်နှစ်ကလိုမျိုး ကလပ်အသင်းငယ်တွေက ဘယ်ကစားသမားတွေကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအုံးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဟမ်မဲလ်
ရီနတိုဆန်းချက်စ်


ပထမဆုံးအနေနဲ့တော့ ဂျာမန်မြေက ဘိုင်ယန်မြူးနစ်အသင်းရဲ့ လှုပ်ရှားမှုတွေကို ရွေးချယ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒေါ့မွန်နောက်ခံလူ Hummels (မတ်စ်ဟမ်မဲလ်)နဲ့ ဘင်ဖီကာအသင်းရဲ့ ကွင်းလယ်ကစားသမား Renato Sanches (ရီနတိုဆန်းချက်စ်)တို့ကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဥရောပအကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဟမ်မဲလ်ကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘာဗေးရီးယန်းတွေကတော့ ဘင်ဖီကာအသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ရီနတိုဆန်းချက်စ်ကိုလည်း ပေါင် ၂၇.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ် ကစားသမားကတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဘိုင်ယန်အသင်းကတော့ အစောပိုင်းမှာတင် အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၆၀ နီးပါးကို သုံးစွဲခဲ့ပြီးပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းကိုရောက်ရှိလာဖွယ်ရှိတဲ့ ဂန်ဒိုဂန်
နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မန်စီးတီးအသင်းနဲ့ ဒေါ့မွန်အသင်းကြားက သတင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား Gundogan (ဂန်ဒိုဂန်) ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဂန်ဒိုဂန်ဟာ ဒေါ့မွန်အသင်းမှာ ဒူးဒဏ်ရာရရှိထားလို့ အနားယူနေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်စီးတီးအသင်းက မတ်လတည်းက ပစ်မှတ်ထားခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ဂွာဒီယိုလာကတော့ ဂန်ဒိုဂန်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ မတ်လတည်းက မန်စီးတီးအသင်းကို ညွှန်ကြားထားပြီး မန်စီးတီးအသင်းက ဒီကစားသမားအတွက် ဆွေးနွေးမှုတွေ သေချာပြုလုပ်ခဲ့တာပါ။ ဒီကစားသမားအတွက်တော့ မန်စီးတီးအသင်းဟာ ပေါင် ၁၉.၃ သန်း ကနဦးပေးချေထားရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကိုရောက်ရှိလာတော့မယ် ရှာကာ

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အပြောင်းအရွှေ့တွေမှာ အမြဲတမ်း အထနှေးတတ်တဲ့ အာဆင်နယ်အသင်းရဲ့ အကြောင်းပါ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် မိုချန်ဂလာဘတ်ကွင်းလယ်လူ Xhaka (ရှာကာ)ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့တဲ့သတင်းပါ။ အာဆင်နယ်အသင်းရဲ့ ဝတ်စုံသစ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတဲ့နောက်မှာ အာဆင်နယ်အသင်းကို ရောက်ရှိဖို့ သေချာသွားခဲ့တာပါ။ နောက်ထပ် ၄၈ နာရီအတွင်းမှာ အာဆင်နယ်အသင်းက ရှာကာကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့အကြောင်း တရားဝင်ကြေညာသွားဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ ရှာကာကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ Benatia (ဘီနက်တီယာ)နဲ့ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး Morata (မိုရာတာ)တို့ကို ခေါ်ယူနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။



ဒန်နီဒရင့်ခ်ဝါးတား

လက်စတာအသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား Drink Water ၏(ဒရင့်ခ်ဝါးတား)ကို စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ၂၀၁၄ ခုနှစ်အတွင်းက လက်စတာအသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့်လည်း လက်စတာက ကစားသမားကို ဆုချီးမြှင့်တဲ့အနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ရှစ်သောင်းအထိ တိုးမြှင့်ပြီး နောက်ထပ်နှစ်နှစ် စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားကိုတော့ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail , Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment