Powered by Blogger.

မော်ရင်ဟို နည်းပြသစ်ဖြစ်လာရင် မန်ယူလက်ထောက်နည်းပြ “ဂစ်” အသင်းမှ ထွက်ခွာဖွယ်ရှိ



မန်ယူအသင်းရဲ့လက်ထောက်နည်းပြအဖြစ်တာဝန်ယူလျက်ရှိနေတဲ့ Ryan Giggs (ရွိုင်ယန်ဂစ်)ကတော့ မော်ရင်ဟိုသာနည်းပြသစ်ဖြစ်လာမယ်ဆိုရင်တော့ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ်ဆက်ရှိနေတော့မှာမဟုတ်ဘဲ အသင်းကနေထွက်ခွာသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ဂစ် ကို လက်လွှတ်လိုခြင်းမရှိဘဲ မော်ရင်ဟိုနဲ့ ကစားသမားတွေကြားမှာ အကောင်းဆုံး ပေါင်းကူးတံတားအဖြစ် အသုံးချလိုနေတယ်လို့ သိရပါတယ်။

ဂစ်ဟာ ဒေးဗစ်မိုယက်စ် မန်ယူအသင်းကို ကိုင်တွယ်စဉ်ကနေ စတင်ပြီး မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး မိုယက်စ်ထုတ်ပယ်ခံလိုက်ရချိန်မှာလည်း မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ နည်းပြဗန်ဟားလ်ရဲ့လက်အောက်မှာလည်း နှစ်နှစ်အထိ အလုပ်လုပ်ပေးခဲ့ပြီး ဗန်ဟားလ်ထုတ်ပယ်ခံလိုက်ရတဲ့အချိန်မှာတော့ နောက်လာမယ့် နည်းပြရဲ့ အခြေအနေကို စောင့်ကြည့်နေအုံးမှာဖြစ်ပြီး မော်ရင်ဟိုသာ နည်းပြဖြစ်လာမယ်ဆိုရင်တော့ မန်ယူမှာ ဆက်ရှိနေဖို့ အနေအထားသိပ်မရှိဘူးလို့ ဆိုပါတယ်။

မန်ယူနည်းပြသစ်အဖြစ်သာ မော်ရင်ဟို ဖြစ်လာမယ်ဆိုရင်တော့ ကစားသမားပေါင်းများစွာကို မန်ယူအသင်းကနေ ရုံခါသွားဖွယ်ရှိနေပြီး မန်ယူအသင်းကိုလည်း ပြင်ပကစားသမားတွေ များစွာဝင်ရောက်လာဖွယ်ရှိနေပါတယ်။ ဂစ်ကတော့ ဒီလိုအစီအစဉ်တွေကို ပြုလုပ်ပေးဖို့ ဆန္ဒမရှိဘဲနဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ဖယ်ထုတ်ရမယ့် အလုပ်ကို မပြုလုပ်ချင်ဘူးလို့ ဆိုပါတယ်။

မန်ယူအသင်းကတော့ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်သွားဖို့ သေချာသလောက်ရှိနေပြီး မော်ရင်ဟိုအတွက် အသင်းကို ပြောင်းလဲမှုပေါင်းများစွာပြုလုပ်ဖို့အတွက် အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၂၀၀ လောက်ထုတ်ပေးသွားဖို့ အစီအစဉ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဂစ်သာ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင်တော့ မန်ယူအသင်းမှာ သူရှိနေခဲ့တဲ့ ၂၉ နှစ်ဆိုတဲ့ ကာလကတော့ လွမ်းစရာဖြစ်နေမှာ အမှန်ပါပဲ။ 

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment