Powered by Blogger.

မန်ယူအသင်းက နည်းပြ ဗန်ဟားလ်ကို ထုတ်ပယ် ၊ မော်ရင်ဟို နည်းပြဖြစ်ရန် သေချာသွား


FA ဖလားကို ဗန်ဟားလ်တစ်ယောက် အရယူနိုင်ခဲ့ပေမယ့်လည်း မန်ယူအသင်းကတော့ ဗန်ဟားလ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြမှုတွေအရသိရပါတယ်။

နယ်သာလန်သားနည်းပြနေရာမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟိုကို အစားထိုးသွားဖွယ်ရှိနေတာပါ။ ဗန်ဟားလ်နဲ့အတူ လက်ထောက်နည်းပြ စတူဝင်ဗီဘာ့ဂ်နဲ့ ဂိုးနည်းပြ ဖရန်စ်ဟော့ခ်တို့လည်း တစ်ပါတည်း ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ဗန်ဟားလ်ဟာ မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ်ကျန်ရှိနေသေးပြီး အစောပိုင်းကတော့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် မန်ယူအသင်းမှာ ဆက်ရှိနေမယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း မန်ယူအသင်းကတော့ အခုလို ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန်ချမှတ်လိုက်တာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ မော်ရင်ဟိုကို တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားတော့မှာဖြစ်ပြီး အပြောင်းအရွှေ့စရိတ်အတွက်လည်း ဘတ်ဂျတ်ငွေ ပေါင်သန်း ၂၀၀ လောက် မန်ယူအသင်းက ထုတ်ပေးသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment