Powered by Blogger.

အာဆင်နယ်အသင်းက လာမယ့်ရာသီမှာဝတ်ဆင်မယ့် ဝတ်စုံသစ်ကို မိတ်ဆက်ပြသ



အာဆင်နယ်အသင်းကတော့ လာမယ့်ရာသီမှာ ဝတ်ဆင်ယှဉ်ပြိုင်သွားမယ့် အိမ်ကွင်းဝတ်စုံသစ်ကို တရားဝင်မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။

အကျီ င်္ရဲ့ အလယ်တည့်တည့်မှာတော့ အနီရောင်အစင်းကြောင်းတစ်ခုကို ထည့်သွင်းထားပြီး ဒီအစင်းကြောင်းဟာ ယခင်အာဆင်နယ်အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဝတ်စုံစပွန်ဆာ Puma ကတော့ ဒီအစင်းကြောင်းကို ယခင်က အောင်မြင်မှုတွေ ရခဲ့သလိုပဲ ဒီကာလမှာလည်း အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက် ပြန်လည် ထည့်သွင်းပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။


ဝတ်စုံမိတ်ဆက်တာနဲ့အတူ နောက်ထပ်ကြီးကြီးမားမားပြောင်းလဲလာတာကတော့ အာဆင်နယ်အသင်းက အဓိက တောင်ပံကစားသမား ဆန်းချက်ဇ်ကို အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ကွင်းလယ်လူ ရိုဆစ်စကီးရဲ့ ကျောနံပါတ် ၇ ကို လာမယ့် ရာသီကနေ စပြီး ဝတ်ဆင်ကစားသွားစေတော့မှာဖြစ်ပါတယ်။ ဆန်းချက်ဇ်ကတော့ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လာမယ့် ရာသီမှာ အဓိက ကျောနံပါတ် ၇ ကို ဝတ်ဆင်ရတော့မှာမို့လို့ အရမ်းကို ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။

ဒီဝတ်စုံမှာတော့ ခြေအိတ်အရောင်လည်း ပြောင်းလဲသွားတာကိုတွေ့ရပြီး အဖြူရောင်ကနေ ၊ အနီရောင်အသားပေးပုံစံဖြစ်သွားတာကိုတွေ့ရပါတယ်။ ဂန်းနားတိုက်စစ်မှူး ဂီရော့ဒ်ကတော့ အသင်းရဲ့ ဝတ်စုံသစ်နဲ့ ပတ်သက်ပြီး “အရမ်းကို ကောင်းမွန်တဲ့ ဝတ်စုံပါပဲ။ ကျွန်တော်ကတော့ နောက်ရာသီမှာ ဒီဝတ်စုံကို ဝတ်ဆင်ကစားချင်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဝတ်စုံစပွန်ဆာ Puma ကုမ္ပဏီကတော့ သူတို့ဟာ ဝတ်စုံကို အကောင်းဆုံး ပုံစံသစ်တစ်ခုကို ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပြီး နည်းပညာသစ်တွေကလည်း အသင်းကစားသမားတွေကို အကောင်းဆုံး အကျိုးပြုနေမှာဖြစ်တယ်လို့ ကြေညာပါတယ်။ ဒီဝတ်စုံကတော့ ၁၉၉၀ ကာလတွေတုန်းက အောင်မြင်မှုရရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဝတ်စုံလိုမျိုးဖြစ်ပြီး ဒီဘက်ခေတ်ဒီဇိုင်းနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။



အာဆင်နယ်ပရိသတ်တွေရဲ့ ဒီဇိုင်းရေးဆွဲပေးပို့မှုတွေပေါ်မှာလည်း ဒီဝတ်စုံကို အခြေခံပြုလုပ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်ခဲ့တဲ့ ဂေါ့သ်ဘာသာစကားရဲ့ A အက္ခရာပုံစံမျိုးကိုလည်း  အကျီ င်္လည်ပင်းနောက်ကျောဘက်မှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။




Puma ကတော့ ဒီဝတ်စုံမှာ ACTV Thermo-R နည်းပညာကို ထည့်သွင်းအသုံးပြုထားပြီး ဒီနည်းပညာက အကျီ င်္ဝတ်ဆင်ထားသူရဲ့ ရှေ့နောက်အပူချိန်ကို မျှတအောင် ထိန်းထားပေးနိုင်တယ်လို့ သိရပါတယ်။ အကျီ င်္အတွင်းက တိပ်ပုံစံအကြောင်းတွေမှာပါဝင်တဲ့ microcapsule တွေက ပိုလျှံနေတဲ့ အပူချိန်တွေကို အပြင်ဘက်ကို ထုတ်လွှတ်ပေးမှာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ အပူကို ပြန်လည်စုပ်ယူပေးမှာဖြစ်တာကြောင့် ဝတ်ရတာ fit ဖြစ်နေမယ့် ဝတ်စုံအတွက် ပူလောင်တာမျိုးမရှိဘဲ ပေါ့ပါးမှုကို ခံစားရမယ်လို့ Puma က ကြေညာထားပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ၅၅ ပေါင်ကနေ ပေါင် ၆၀ အထိကျသင့်မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment