Powered by Blogger.

ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို အနိုင်ယူပြီး ကိုပါဒယ်ရေးဖလားရယူ



ဘာစီလိုနာအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေးဖလား) ပြိုင်ပွဲမှာ ဆီဗီလာအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး သူတို့ရဲ့ ဒီနှစ်ဘောလုံးရာသီ ဒုတိယမြောက် ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတင် နောက်ခံလူ မာရှေယာနို ထုတ်ပယ်ခံခဲ့ရလို့  ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် ဆီဗီလာလို ကစားပုံကောင်းတဲ့ အသင်းကို လက်ကျန်ပွဲချိန်မှာ အနိုင်ကစားနိုင်ခဲ့တာက ချီးကျူးစရာပါပဲ။

ဘာစီလိုနာအသင်းကတော့ MSN တိုက်စစ်နဲ့ အင်နီယေစတာ ၊ ရာကီတစ် ၊ ဘတ်စ်ကွက် ၊ ပီကေး ၊ အယ်လ်ဘာ စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ဆီဗီလာအသင်းကတော့ ဂါမဲရိုး ၊ ဗီတိုလို ၊ ကိုကီ စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ဆီဗီလာအသင်းရော ၊ ဘာစီလိုနာအသင်းနှစ်သင်းလုံးက အပြန်အလှန်ကစားနိုင်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းကတော့ MSN တိုက်စစ်နဲ့ အင်နီယေစတာတို့ရဲ့ တွဲလုံးတွေကနေ အတက်အဆင်းမှန်မှန်နဲ့ ကစားနိုင်ခဲ့ကြပြီး ဆီဗီလာအသင်းနောက်တန်းကလည်း အကွက်စေ့စေ့ကစားနိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်းကလည်း ဘာစီလိုနာအသင်းဘက်ကို တန်ပြန်ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့နောက်တန်းကလည်း ခပ်ကြမ်းကြမ်းတားဆီးမှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။



မာရှေယာနိုအား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်လိုက်စဉ်

ဒါ့ကြောင့် ပွဲချိန် ၃၅ မိနစ်မှာတင် ဂါမဲရိုးကို အကျီ င်္လိုက်ဆွဲခဲ့တဲ့ မာရှေယာနိုတစ်ယောက် ၃၅ မိနစ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

တစ်ယောက်လျော့သွားတဲ့ ဘာစီလိုနာအသင်းကတော့ ရာကီတစ်အစား ၊ မက်သယူးကိုထည့်သွင်းပြီး ခံစစ်ကို ပြင်ဆင်ကစားခဲ့ပါတယ်။ ဆီဗီလာအသင်းကလည်း တစ်ယောက်လျော့ဘာကာကို အကောင်းဆုံးထိုးဖောက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ၄၉ မိနစ်မှာ ဘီနက်ဂါရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့လို့ ဘာကာတို့ သက်သာခဲ့ပါတယ်။ ၅၄ မိနစ်မှာတော့ ဘောလုံးထိန်းရင်း ဟန်ချက်ပျက်ခဲ့တဲ့ ဆွာရက်ဇ် တံကောက်ကြော ဒဏ်ရာရသွားခဲ့ပြီး ရာဖင်ဟာက လူစားဝင်ကစားခဲ့ပါတယ်။

ဘီနက်ဂါကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်လိုက်စဉ်

ဒုတိယပိုင်းမှာတော့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ နေမာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ ဘီနက်ဂါ တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာကြောင့် ဆယ်ယောက်စီ ပြန်လည်မျှတသွားခဲ့ပါတယ်။ မိနစ်ကိုးဆယ်အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။





အယ်လ်ဘာရဲ့အဖွင့်ဂိုး

အချိန်ပို ပထမပိုင်း ၆ မိနစ်မှာတော့ အယ်လ်ဘာက ဘာစီလိုနာအသင်းအတွက် မက်ဆီရဲ့ အကွက်မြင်မြင်ပေးပို့မှုကနေတစ်ဆင့် သွင်းယူပေးခဲ့တာကြောင့် ဆီဗီလာအသင်း ကစားအားကျသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂိုးရမယ့် အပိုင်အခွင့်အရေးသုံးကြိမ်လောက်ကို ဆီဗီလာအသင်းရဲ့ ဂိုးသမား ရီကို ကာကွယ်နိုင်ခဲ့ပါတယ်။






နေမာရဲ့ ဒုတိယဂိုး


 မိနစ် ၁၂၀ မှာတော့ ဆီဗီလာအသင်းနောက်ခံလူ ကာရီကိုက မက်ဆီကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့ပြီး ဒိုင်လူကြီးက အဝါကတ်သာပြသခဲ့ပေမယ့်လည်း စောဒကတက်ခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဘာကာအတွက် ချန်ပီယံသေချာစေမယ့် ဒုတိယဂိုးကိုတော့ မက်ဆီရဲ့ ပေးပို့မှုကနေတစ်ဆင့် နေမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


မက်ဆီနဲ့ နေမာတို့ အောင်ပွဲခံနေစဉ်

မက်ဆီနှင့် ဇနီးသည်ဖြစ်သူ

ဒါ့ကြောင့် ဘာစီလိုနာအသင်းကတော့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ပြည်တွင်းဖလားနှစ်ခုစလုံးကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment