Powered by Blogger.

နည်းပြမော်ရင်ဟို မန်ယူအသင်းသို့ တရားဝင်ရောက်ရှိ


မန်ယူအသင်းနဲ့အတူ သတင်းအကြီးဆုံးဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း Mourinho (မော်ရင်ဟို) ကတော့ မန်ယူအသင်းရဲ့ နည်းပြ စာချုပ်မှာ တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ့် မော်ရင်ဟိုဟာ မန်ယူအသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိသွားအောင် စွမ်းဆောင်ပေးသွားရမှာပါ။ မော်ရင်ဟိုကတော့ မန်ယူအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း နဲ့ လစာအများဆုံးနည်းပြတစ်ယောက် ဖြစ်လာခဲ့ပါပြီ။လောလောဆယ်မှာတော့ သုံးနှစ်စာ ပေါင် ၄၅ သန်းပေးချေပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက လန်ဒန်က အိမ်ကို ပြောင်းရွှေ့မှုတွေကို ပြုလုပ်ခဲ့တဲ့ မော်ရင်ဟိုကတော့ မန်ချက်စတာမြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မန်ယူအသင်းကို စတင်ကိုင်တွယ်သွားတော့မှာပါ။ မန်ယူအသင်းဟာ အသင်းပြန်လည်တည်ဆောက်ရေးအတွက် မော်ရင်ဟို ပေါင်သန်း ၂၀၀ ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုရောက်လာရင် ထွက်ခွာမယ်လို့ ဆိုတဲ့ လက်ထောက်နည်းပြ ရွိုင်ယန်ဂစ်ရဲ့ အနာဂတ်ကိုတော့ မသိရသေးပါဘူး။

မန်ယူအသင်းကတော့ ဂစ် သာ ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ အသင်းရဲ့ နောက်ထပ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကို လက်ထောက်နည်းပြ တာဝန်ပေးသွားဖွယ်ရှိနေပါတယ်။
မော်ရင်ဟိုလက်ထက်မှာတော့ မန်ယူအသင်းရဲ့ အပြောင်းအလဲပေါင်းများစွာကို တွေ့မြင်ရဖွယ်ရှိနေပြီး ရှိနေတဲ့ ကစားသမား အတော်များများကိုလည်း ရုံခါဖွယ်ရှိနေပါတယ်။

မော်ရင်ဟိုကတော့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာမယ့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ပထမဆုံးအနေနဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ အီဘရာဟီမိုဗစ်ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ လာရောက်ကစားမှာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ကစားသမားကတော့ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းအထိ တောင်းဆိုသွားဖွယ်ရှိနေပါတယ်။

မော်ရင်ဟိုဟာ ဒုတိယပစ်မှတ်အနေနဲ့တော့ သူချယ်လ်ဆီးအသင်းကို ကိုင်တွယ်တည်းက ပစ်မှတ်ထားခဲ့တဲ့ အဲဗာတန်အသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment