Powered by Blogger.

မန်ယူဆိုတာဘယ်လိုအသင်းလဲ ပြန်ပြနိုင်ဖို့ မော်ရင်ဟိုစွမ်းဆောင်နိုင်တယ်လို့ ရော်နယ်ဒိုပြောကြား


မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်ရှိကစားနေတဲ့ Ronaldo (ရော်နယ်ဒို) ကတော့ မန်ယူနည်းပြသစ်ဖြစ်လာဖို့ သေချာနေတဲ့ Mourinho (မော်ရင်ဟို)ဟာ မန်ယူအသင်းကို ထိပ်တန်းအသင်းကြီးအဆင့်ထိ ပြန်လည်ရောက်ရှိလာအောင် စွမ်းဆောင်ပေးလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ခြောက်နှစ်ကြားကစားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူအသင်းဟာ ဘောလုံးလောကမှာ ပြန်လည်ထွန်းတောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

စပိန်အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက အခုလိုပြောကြားလိုက်တာဖြစ်ပြီး “သူ (မော်ရင်ဟို) က မန်ယူနဲ့ တရားဝင်လက်မှတ်မထိုးရသေးပါဘူး။ ဒါပေမယ့်လည်း သူက တကယ်ကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ယူနိုက်တက်က လိုအပ်နေတဲ့နည်းပြမျိုးပေါ့။ ဒါက ကောင်းတဲ့ အလားအလာပါ။ ကျွန်တော်ထင်တယ်။ မန်ယူဟာ နှစ်အနည်းငယ်အတွင်းမှာ အသင်းကြီးအဆင့်ကို ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ မန်ယူအသင်းက ဘယ်လိုအသင်းမျိုးဆိုတာပေါ့။  ယူနိုက်တက်က ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အသင်းကြီးတစ်သင်းလို ခြေစွမ်းပြဖို့ ယုံကြည်မှုတွေ အနည်းငယ်ပျောက်ဆုံးနေခဲ့တယ်” လို့ ရော်နယ်ဒိုက ပြောကြားသွားခဲ့တာပါ။

“မန်ယူအသင်းကျရှုံးတိုင်း သူ့ရင်ထဲမှာ နာကျင်ရပြီး ဒီကလပ်ဟာ သူ့ရဲ့ နှလုံးသားထဲ အသင်းတစ်သင်းဖြစ်တယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ရော်နယ်ဒိုကတော့ မော်ရင်ဟိုက ရီးရဲလ်အသင်းကို ကိုင်တွယ်တုန်းက အသင်းရဲ့ ကစားပုံကို အားမရဖြစ်မိတယ်လို့ ပြောကြားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားကွက်မှာ ကာဆီးလက်စ်နဲ့ ပီပီတို့ကို ချန်လှပ်ထားမှုကိုလည်း မကျေနပ်ကြောင်း မော်ရင်ဟိုကို ပြောကြားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ရော်နယ်ဒိုက မော်ရင်ဟို မန်ယူနည်းပြသစ်ဖြစ်လာမယ့် ကိစ္စကို ထောက်ခံပြောကြားလိုက်ပြီး မန်ယူအသင်းနဲ့ မော်ရင်ဟိုဟာ အကောင်းဆုံးအတွဲအဖက်ဖြစ်လာမယ်လို့ ပြောကြားလိုက်တာကတော့ စဉ်စားစရာကောင်းနေပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းမှာ မန်ယူပရိသတ်တွေရဲ့ မုန်းတီးမှုကို ပိုပြီးခံနေရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment