Powered by Blogger.

ရက်ရှ်ဖို့ဒ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ကစားရဖွယ်ရှိ



အင်္ဂလန်အသင်းရဲ့ နည်းပြ ရွိုင်းဟော့ဒ်ဆန်ကတော့ မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး Rashford (ရက်ရှ်ဖို့ဒ်)ဟာ ယူရိုပြိုင်ပွဲကို ခေါ်ယူသွားသင့်တဲ့ ကစားသမားတစ်ယောက် ဟုတ်/မဟုတ်အဖြစ် သိရအောင် လာမယ့် သြစတေးလျအသင်းနဲ့ ခြေစမ်းပွဲမှာ စမ်းသပ်ပွဲထုတ်သွားမယ်လို့ ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက်ကစားခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့်လည်း စိုးရိမ်ရမှုမရှိတာကြောင့် လာမယ့် သြစတေးလျအသင်းနဲ့ ခြေစမ်းမယ့် လူစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီးတဲ့နောက်ပိုင်း ၉၂ ရက်အကြာမှာတင်ပဲ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်အဖြစ် ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပဏာမ ၂၆ ယောက်လူစာရင်းမှာတော့ ပါဝင်နေသေးပေမယ့်လည်း နောက်ဆုံးအပြီးသတ် ၂၆ ယောက်လူစာရင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်ခြင်းရှိ/မရှိ နည်းပြ ရွိုင်းဟော့ဒ်ဆန်ရဲ့ စာမေးပွဲစစ်တာကို ခံရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြရွိုင်းဟော့ဒ်ဆန်ကတော့ သူ့အနေနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဆီကနေ အများကြီး မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။ အင်္ဂလန်အသင်းမှာတော့ အာဆင်နယ် ကွင်းလယ်လူ ဝီလ်ရှီးယားနဲ့ မန်စီးတီးကွင်းလယ်လူ စတာလင်းတို့ကို ရွိုင်းဟော့ဒ်ဆန်က သေချာစောင့်ကြည့်နေခဲ့ပြီး ဝီလ်ရှီးယားအနေနဲ့တော့ တိုးတက်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ၁၁ ပွဲကစားပြီး ငါးဂိုးသွင်းယူထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်နိုင်ငံရဲ့ ယူ-၁၆ ၊ ယူ-၁၈ နဲ့ ယူ-၂၀ အသင်းတွေမှာကစားခဲ့ဖူးပြီး ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။ ရက်ရှ်ဖို့ဒ်အတွက်တော့ ပထမဆုံးနိုင်ငံတကာသွင်းဂိုး ရယူဖို့အတွက် အခွင့်အရေးကောင်းကိုတော့ လာမယ့် သောကြာနေ့မှာ ရရှိသွားတော့မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment