Powered by Blogger.

အသင်းပြောင်းမှာမဟုတ်ဘူးဆိုတဲ့ မာရက်ဇ်



လက်စတာအသင်းအတွက် ချန်ပီယံပြေးလမ်းကြောင်းပေါ်ကို ရောက်ရှိနိုင်အောင် စွမ်းဆောင်ခဲ့ရာမှာ အရေးကြီးကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့  Mahrez (မာရက်ဇ်)ဟာ လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲပြောကြားခဲ့ပါတယ်။

 PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဒီကစားသမားကတော့ အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာဆိုရင်တော့ Fox TV နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အရမ်းပျော်နေပါတယ်။ ဒီဖလားကို ရရှိခဲ့လို့လည်း ဂုဏ်ယူမဆုံးပါဘူး။ တစ်ချို့အရာတွေက အံ့သြစရာကောင်းပါတယ်။” လို့ ပြောခဲ့ပြီးတော့ “ဒါဆိုရင် အသင်းပြောင်းမှာမဟုတ်ဘူးပေါ့” ဆိုတဲ့ မေးခွန်းကိုတော့ “Yeah , Yeah မပြောင်းဘူးဗျို့” လို့ ပွင့်ပွင့်လင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယား လက်ရွေးစင်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း အသင်းပိုင်ရှင် ဗီချိုင်းက “မာရက်ဇ်အသင်းမှာ နေ-မနေကတော့ ၅၀-၅၀ ပဲ။ ကျွန်တော်တို့က ကစားသမားကောင်းတွေကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ နောက်ထပ် ဘယ်အဓိက ကစားသမားကိုမှ ရောင်းချသွားတော့မှာ မဟုတ်ဘဲနဲ့ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတွေကို အသင်းကိုသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

လက်စတာအသင်းကတော့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုရော ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အရန်လူအင်အားတောင့်တင်းလာအောင်တော့ ပြုလုပ်ရဖွယ်ရှိနေပါသေးတယ်။ ဒီလိုအဖြေတွေကြောင့် မာရက်ဇ်ရဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ ငွေ့ငွေ့မျှသာကျန်ရှိပါတော့တယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment