Powered by Blogger.

ဒီနေ့ညကစားမယ့်ပွဲမှာ ဝက်စ်ဟမ်းတိုက်စစ်မှူးကာရိုးလ်ကို ကြောက်ရွံ့မိတယ်လို့ ဗန်ဟားလ်ဝန်ခံ



ဒီနေ့ည ၁:၁၅ မှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်း အက်ပတန်ပါ့ခ်မှာ မန်ယူအသင်းက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် သွားရောက်ကစားရမှာဖြစ်ပါတယ်။ ဒီလို ပြိုင်ဆိုင်မှုပြင်းထန်လာမယ့် ပွဲစဉ်မှာတော့ မန်ယူအသင်းနည်းပြ Van Gaal (ဗန်ဟားလ်)က “သူ့အနေနဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ကြောက်ရွံ့မိပြီး သူ့ကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ set-pieces တွေကို အတော်လေးကို သတိထားရတော့မှာဖြစ်တယ် ” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့မယ်ဆိုရင်တော့ အဆင့်လေးနေရာအတွက် အခြေအနေကောင်းသွားမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို သက်တောင့်သက်သာ ကစားသွားနိုင်မယ့် အခြေအနေကို ရောက်ရှိသွားမှာပါ။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်ကတော့ ဒီပွဲမှာ Andy Carroll (အန်ဒီကာရိုးလ်)ကို အဓိက တိုက်စစ်မှူးအဖြစ်ပွဲထုတ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းက အက်ဖ်အေဖလား ရှုံးကြွေးကို ပြန်ဆပ်ဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဗန်ဟားလ်ကတော့ သူအခုလို ပြိုင်ဘက်ကစားသမားတစ်ယောက်အကြောင်း ထုတ်ဖော်ပြောကြားလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အသင်းကို ကာရိုးလ်ဟာ အသင်းကို ဒုက္ခပေးနိုင်လို့ အခုလို ပြောရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အသင်းကတော့ ပရီးမီးယားလိဂ်မှာ သာမန်အသင်းသာသာလောက်သာ ကစားနိုင်တော့တယ်။ကျွန်တော်တို့မှာ ကစားသမား ဒဏ်ရာပြဿနာတွေကြောင့် အသင်းလိုက်စုဖွဲ့မှုက တည်ငြိမ်မှု မရှိတော့ပါဘူး။ ကျွန်တော် အခုလို ပြိုင်ဘက်ကစားသမားအကြောင်း ထုတ်ပြောတာ ပထမဆုံးပါ။ ကျွန်တော် အထုတ်ခံရမယ့် အကြောင်းတော့မဟုတ်ဘူးပေါ့။ ကျွန်တော် ကာရိုးလ်ကို ကြောက်ရွံ့မိတာတော့ အမှန်ပါပဲ။ ” လို့ ဗန်ဟားလ်က ပြောကြားခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာဆိုရင်တော့ အက်ပတန်ပါ့ခ်ကွင်းမှာ နောက်ဆုံးကစားတဲ့ပွဲစဉ်ဖြစ်တာကြောင့် မန်ယူအသင်းကို အကောင်းဆုံး အားထုတ်ယှဉ်ပြိုင်သွားဖွယ်တွေရှိနေပါတယ်။ (ဝက်စ်ဟမ်းအသင်းကတော့ နောက်တစ်ရာသီမှာ အိုလံပစ်ကွင်းကြီးကို ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။)

ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာတော့ အင်္ဂလန်ရာသီဥတုပြင်းထန်မှုကို ညည်းညူထားတဲ့ မန်ယူကွင်းလယ်လူ ဟာရဲရားကတော့ ပါဝင်လာမှာဖြစ်ပြီး နောဝစ်ခ်ျအသင်းနဲ့ပွဲအစ သွေးပူလေ့ကျင့်ခန်းမှာ ဒဏ်ရာရရှိခဲ့တဲ့ မာရှယ်လ်ရဲ့ နေရာမှာတော့ အနားပေးခံထားရတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က အစားဝင်ပြန်လည် ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment