Powered by Blogger.

မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ပြီး ဗန်ဟားလ်ကို ဒါရိုက်တာအဖြစ်ဆက်ထားရန် မန်ယူစီစဉ်


မန်ယူအသင်းကတော့ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နည်းပြရာထူးပြဿနာအတွက် အကောင်းဆုံးအဖြေတစ်ခုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းကတော့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးတဲ့ လက်ရှိနည်းပြ Van Gaal (ဗန်ဟားလ်)ကို အသင်းမှာ နည်းစနစ်ဒါရိုက်တာလိုရာထူးပေးပြီး Mourinho (မော်ရင်ဟို)ကို အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ နည်းပြဗန်ဟားလ်က မန်ယူအသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းပြည့်မှ အသင်းကနေထွက်ခွာမယ်လို့ ဆိုထားတာကြောင့် မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ မန်ယူအသင်းက အခက်တွေ့နေတာပါ။

မော်ရင်ဟိုကလည်း မန်ယူအသင်းကို ကိုင်တွယ်ဖို့အတွက် တစ်နှစ်ထပ်စောင့်ရမယ့် ကိစ္စကို လက်မခံနိုင်ဖြစ်နေတာကြောင့် မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်က အခုလိုမျိုးစီစဉ်လိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုကိုတော့ မန်ယူအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ပေးသွားမှာဖြစ်ပြီး အသင်းရဲ့ လက်ရှိနည်းပြဗန်ဟားလ်ကိုတော့ အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ ပရိသတ်တွေကတော့ လက်ရှိနည်းပြဗန်ဟားလ်ကို အသင်းကနေ ထွက်ခွာနေစေလိုကြပြီး နည်းပြအဖြစ်ဆက်မရှိနေစေချင်တော့တာကြောင့် ဆန္ဒပြဆန့်ကျင်မှုတွေပြုလုပ်လျက်ရှိနေကြပါတယ်။ ဘုန်းမောက်အသင်းနဲ့ နောက်ဆုံးပွဲစဉ်အပြီးမှာလည်း ဗန်ဟားလ်က မန်ယူအသင်းပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေက မြင့်မားလွန်းနေတယ်လို့ဆိုခဲ့တာကြောင့် အသင်းပရိသတ်တွေက မုန်းတီးလျက်ရှိနေကြတာပါ။

မော်ရင်ဟိုနဲ့ ဗန်ဟားလ်တို့ကတော့ ရင်းနှီးတဲ့ ဆရာတပည့်မိတ်ဆွေတွေဖြစ်ကြပြီး ဘာစီလိုနာအသင်းမှာ အတူတူအလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ မန်ယူအသင်းကတော့ မော်ရင်ဟိုတစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းကနေ သန်း ၂၀ ကြားပေးချေသွားဖွယ်ရှိနေပြီး ကမ္ဘာ့လုပ်ခအမြင့်ဆုံးနည်းပြတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

မန်ယူအသင်းကတော့ နည်းပြဗန်ဟားလ်လက်ထက်မှာ ပထမဆုံးအောင်မြင်မှုဆုဖလားဖြစ်လာနိုင်တဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်ကိုတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ မေလ ၂၂ ရက်နေ့ မနက် ၂:၃၀ အချိန် ဝင်ဘလေကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment