Powered by Blogger.

ဂန်းနားတွေက ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာတာကို ပေါင်၅၁သန်းနဲ့ ခေါ်ယူမယ်လို့ သတင်းထွက်


အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ အင်အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်နိုင်ဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး Morata (မိုရာတာ)ကို မြင့်မားလှတဲ့   ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူသွားတော့မှာဖြစ်တယ်လို့ Corriere dello Sport ဆိုတဲ့ အီတလီသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ပြီးဆုံးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ရာသီမှာ ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ၁၀ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခင်ရာသီတွေတုန်းက ခြေစွမ်းတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ကျဆင်းနေတဲ့ အလားအလာမှာရှိနေတာပါ။ မိုရာတာကိုတော့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်အသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မိုရာတာဟာ ရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရတာကြောင့် ၂၀၁၄ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တာကြောင့် အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာပါ။

သူ့ရဲ့တန်ကြေးကိုတော့ ပေါင် ၅၁ သန်းသတ်မှတ်ထားပြီး တိုက်စစ်မှူးတစ်ယောက်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြစ်နေတာကြောင့် ငွေသုံးဖို့လက်တွန့်တတ်တဲ့ အာဆင်နယ်အသင်းဘက်ကိုတော့ သိပ်ပြီးအလေးမသာနိုင်ပါဘူး။

 အာဆင်နယ်အသင်းကတော့ အသင်းမှာ ခြေမမှန်ဖြစ်နေတဲ့ တိုက်စစ်မှူး ဂီရော့ဒ်ရဲ့နေရာမှာ အစားထိုးဖို့တိုက်စစ်မှူး တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ရာသီပိတ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဂီရော့ဒ်ကိုတော့ အာစင်ဝင်းဂါးက အဓိကတိုက်စစ်မှူးအဖြစ်ဆက်လက်ထားရှိသွားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment