Powered by Blogger.

PFA တစ်နှစ်တာအကောင်းဆုံးအသင်းစာရင်းကို ထုတ်ပြန်ခဲ့ပြီး အိုဇေးလ်ပါဝင်မလာမှုကြောင့် ဝေဖန်နေ



ပရီးမီးယားလိဂ်က အထူးချွန်ဆုံးကစားသမားတွေကို ရွေးချယ်ပြီး PFA တစ်နှစ်တာအကောင်းဆုံးအသင်းစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဒီနှစ် PFA အကောင်းဆုံးအသင်းစာရင်းမှာတော့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ပါဝင်လာမှုမရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အိုဇေးလ်ဟာဆိုရင်တော့ PFA အကောင်းဆုံးဆုအတွက် နောက်ဆုံးဆန်ကာတင် ခြောက်ယောက်မှာ ဟာရီကိန်း ၊ ကန်တေ ၊ မာရက်ဇ် ၊ ဗာဒီ ၊ ပါယက်တို့နဲ့အတူ ပါဝင်နေတဲ့ကစားသမားလည်း ဖြစ်ပါတယ်။

ဒီနှစ်စာရင်းကိုတော့ စပါးအသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ကစားသမားတော်တော်များများကသာ အုပ်စိုးခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီနှစ် အကောင်းဆုံးအသင်းပုံစံကတော့ ၄-၄-၂ ပုံစံဖြစ်ပါတယ်။

တိုက်စစ်မှူး နှစ်ယောက်နေရာမှာတော့ စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ လက်စတာတိုက်စစ်မှူး ဗာဒီတို့က ဦးဆောင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒီတိုက်စစ်မှူးနှစ်ယောက်ဟာ သက်ဆိုင်ရာအသင်းတွေမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်နေရာမှာလည်း ရှေ့၊နောက် ရပ်တည်နေကြတဲ့ တိုက်စစ်မှူးတွေဖြစ်ပါတယ်။

ကွင်းလယ်တောင်ပံနေရာမှာတော့ ဝက်စ်ဟမ်းတောင်ပံကစားသမား ဒီမီထရီပါယက် ၊ လက်စတာတောင်ပံကစားသမား မာရက်ဇ်တို့ကပါဝင်နေခဲ့ပြီး အထိုင်ကွင်းလယ်လူနေရာမှာတော့ လက်စတာကွင်းလယ်လူ ကန်တေနဲ့ စပါးကွင်းလယ်လူ အယ်လီတို့က ရွေးချယ်ခံခဲ့ရပါတယ်။

နောက်တန်းရဲ့ ညာတောင်ပံနောက်ခံလူနေရာမှာတော့ စပါးနောက်ခံလူ ဒန်နီရို့စ် ၊ ညာနောက်ခံလူနေရာမှာတော့ အာဆင်နယ် ဘယ်နောက်ခံလူ ဘယ်လာရင်တို့ကို ရွေးချယ်ထားပါတယ်။

ဗဟိုနောက်ခံလူနေရာမှာတော့ စပါးနောက်ခံလူ အယ်ဒါဝီရယ်လ် ၊ လက်စတာနောက်ခံလူ မော်ဂန်တို့က နေရာယူထားပါတယ်။ ဂိုးသမားနေရာမှာတော့ တစ်ဦးတည်းသော မန်ချက်စတာသားအနေနဲ့ ဒီဂီယာက ရွေးချယ်ခံခဲ့ရတာကိုတွေ့ရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment