ဘာစီလိုနာအသင်းက အိမ်ကွင်းဖြစ်တဲ့ နျူးကမ့်ကို တိုးချဲ့ရန်ပြင်ဆင်နေ
ဘာစီလိုနာအသင်းဥက္ကဌဖြစ်သူ ဘာတိုမူဟာဆိုရင်တော့ ကတ်တလန်သားတို့ရဲ့ သမိုင်းဝင် နျူးကမ့်ကွင်းကြီးကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုတော့ ဂျပန် ကုမ္ပဏီတစ်ခုက တာဝန်ယူတည်ဆောက်ပေးသွားမှာဖြစ်ပြီး လက်ရှိဝင်ဆံ့ဦးရေ ၉၉၀၀၀ ကနေ ၁၀၅၀၀၀ အထိ ဝင်ဆံ့နိုင်အောင် ကွင်းကြီးကို တိုးချဲ့မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမိုးပွင့်ဖြစ်တဲ့ နျူးကမ့်ကွင်းကြီးကို ကွင်းအမိုးတွေ တပ်ဆင်ပေးသွားမယ်လို့လည်း သိရပါတယ်။ ဒီလို ပြန်လည် တိုးချဲ့မယ့် အစီအစဉ်တွေကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ စတင်သွားဖွယ်ရှိနေပြီး ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်နိုင်မယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ထိခိုက်မှုရှိမှာစိုးတဲ့အတွက် ဘောလုံးရာသီ နားချိန်တွေမှာမှ ဒီဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအစီအစဉ်ကိုတော့ ဘာစီလိုနာကစားသမားတွေကလည်း သဘောကျနေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ ၄၈ ပွဲကစားပြီး ၄၉ ဂိုး သွင်းယူထားနိုင်တဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာတိုက်စစ်မှူး ရော်နယ်ဒို (ဒိုကြီး)ရဲ့ ၄၈ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း နေမာရဲ့ ခြေစွမ်းပေါ်ပြစ်တင်မှု မပြုလုပ်ဖို့ကိုလည်း ဆွာရက်ဇ်ကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment