Powered by Blogger.

မန်စီးတီးအသင်းနဲ့ပွဲမှာ ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမားရော်နယ်ဒိုပါဝင်နိုင်ရန်မသေချာဖြစ်နေ


ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ Ronaldo (ရော်နယ်ဒို) ဟာဆိုရင်တော့ ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဗီလာရီးရဲလ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပြိုင်ဘက်ကို Bicycle ကန်ချက် ကန်ရင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး မိနစ်ကိုးဆယ်မပြည့်ခင်မှာပဲ လူစားလဲခဲ့ရပါတယ်။

ရီးရဲလ်အသင်းကတော့ အနိုင်ရလဒ်နဲ့ ထိပ်ဆုံးက ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ကို တစ်မှတ်အကွာကနေ တောက်လျှောက်ဖိအားပေးဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ကစားပေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အခုလိုဒဏ်ရာကြောင့် အခုလိုမှတ်တမ်းကောင်းတွေလည်း ပျက်ပြယ်ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာဆိုရင်တော့ ပေါင်ဒဏ်ရာရရှိသွားတဲ့ပုံပေါ်ပြီး မန်စီးတီးအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားဖွယ်တွေရှိနေပါတယ်။ ရီးရဲလ်အသင်းရဲ့ နည်းပြ ဇီဒန်းကတော့ သူ့အနေနဲ့ ရော်နယ်ဒိုဒဏ်ရာရသွားတာကြောင့် စိုးရိမ်ခဲ့ရပြီး အခုအချိန်မှာတော့ သက်သာရာရသွားပြီလို့ ပြောပါတယ်။

“ရော်နယ်ဒိုက ပွဲပြီးခါနီးမှာ တစ်ခုခုဖြစ်သွားတဲ့ ပုံပါပဲ။ သူထွက်ခဲ့ရတဲ့အကြောင်းရင်းကတော့ သူဘာဖြစ်တာလဲဆိုတာ စောစောသိဖို့ ပါပဲ။ ကျွန်တော်တို့ ကြောက်တာထက်တော့ မပိုပါစေနဲ့။ ကျွန်တော်တို့ ဘာဖြစ်တယ်ဆိုတာကို မနက်ဖြန်သိရမှာပါ။ ကျွန်တော်တို့ တကယ်ကို စိတ်ပူပါတယ်။ သူ့ကို အဝတ်လဲခန်းထဲမှာ တွေ့ရတော့ နည်းနည်းတော့ သက်သာသွားတယ်ဗျ။ သူက အနားယူနေပါတယ်။ ဆိုးဆိုးဝါးဝါးတစ်ခုမှတော့ သူမဖြစ်လောက်ပါဘူး” လို့ ဇီဒန်းက ပြောကြားသွားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment