Powered by Blogger.

နည်းပြဂူဟစ်ဒင့် ချယ်လ်ဆီးမှာရှိနေတာကြောင့် တရုတ်မြေကိုပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ ရာမီရက်စ်



ဘရာဇီးလက်ရွေးစင်နဲ့ ချယ်လ်ဆီးအသင်းကွင်းလယ်လူ Ramires (ရာမီရက်စ်)ကတော့ သူဟာ ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ်တာဝန်ယူနေတဲ့ ဂူဟစ်ဒင့်က သူ့ရဲ့ ကစားဟန်ကို သဘောမကျခဲ့လို့ တရုတ်စူပါလိဂ်ကလပ် ကျန်းဆုဆန်းနင်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ရာမီရက်စ်ဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ချယ်လ်ဆီးအသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာမီရက်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တရုတ်ကလပ် ကျန်းဆုဆန်းနင်အသင်းကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

တရုတ်မြေကို ပြောင်းရွှေ့ပြီးတဲ့နောက် ပထမဆုံးအင်တာဗျူးမှာတော့ ရာမီရက်စ်က ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းကို ဖွင့်ဟခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာဆိုရင်တော့ ဟစ်ဒင့်ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး တစ်ပွဲသာပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

“ချယ်လ်ဆီးကနေ ထွက်ခွာရတဲ့အကြောင်းရင်းကတော့ နည်းပြသစ်ရောက်ရှိလာလို့ပါ။ကျွန်တော်က ဟိုဆေး(မော်ရင်ဟို)နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ဒါပေမယ့် သူ(ဟစ်ဒင့်) ရောက်လာတဲ့အချိန်မှာတော့ ပွဲထွက်ဖို့ အခွင့်အရေးရဖို့အတွက် အမြဲတမ်းတိုက်ပွဲဝင်နေရမယ်ဆိုတာကို သိလာတယ်။ ဟစ်ဒင့်က ရောက်ရောက်ချင်းမှာပဲ ကျွန်တော့်ကို သူ့လူစာရင်းထဲကနေ အကြောင်းပြချက်မရှိဘဲ ထုတ်လိုက်တယ် ”

“ကျွန်တော်နားမလည်ခဲ့ပါဘူး။ ကျွန်တော်အသင်းအတွက်အခက်အခဲတွေကြားထဲကနေ အသင်းအတွက် အကောင်းဆုံးကြိုးစားခဲ့တာပဲ။ သူက ကျွန်တော့်ကို သူ့စိတ်ကူးထဲမှာ ကစားသမားတစ်ယောက်လို့ မမြင်ဘူး။ သူ ကျွန်တော့်ကို ကြိုးစားခွင့်လေးတောင် မပေးခဲ့ဘူး။ ကျွန်တော် စကန်သော်ပီနဲ့ ပွဲမှာမှ မိနစ်ကိုးဆယ်အပြည့်ကစားခဲ့ရတယ်။ ဒါပေမယ့် နောက်ထပ်တစ်ပွဲကျတော့ လူစာရင်းထဲ ကျွန်တော်မပါတော့ဘူး ” လို့ ရာမီရက်စ်က ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment