Powered by Blogger.

EPL က ခြေစွမ်းကောင်းကစားသမားတွေကိုခေါ်ယူလေ့ရှိတဲ့ရီးရဲလ် စပါးကွင်းလယ်လူ အယ်လီကိုခေါ်ယူဖို့ လေသံပစ်လာ


စပိန်နာမည်ကျော်သတင်းစာ မာကာကတော့ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးကွင်းလယ်လူ  Dele Alli (ဒဲလ်အယ်လီ)ကို ခေါ်ယူဖို့  အစီအစဉ်တွေရေးဆွဲနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မက်ဒရစ်မှာ အယ်လီသာ တကယ်အခြေကျသွားခဲ့မယ်ဆိုရင်တော့ ကစားရတဲ့နေရာအလိုက် ဂုဏ်ပြုမှုတွေလည်းကိုလည်း ခံရမယ်လို့ ဖော်ပြထားပါတယ်။

မာကာသတင်းစာဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပါးစပ်ပေါက်တစ်ခုဖြစ်ပြီး ခေါ်ယူမယ်ဆိုတဲ့ ကစားသမားတွေနဲ့ ရီးရဲလ်ကြားမှာ သတင်းတွေကို စဉ်ဆက်မပြတ် လှုပ်ခတ်ပေးတဲ့ သတင်းစာတစ်စောင်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ သူတို့လိုချင်တဲ့ ပစ်မှတ်ကို ရရှိသွားတယ်လို့ The Sun သတင်းစာက ရေးသားဝေဖန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုးခေါ်ယူဖို့ သေချာတဲ့ကစားသမားဆိုပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ လောလောဆယ်မှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာကြောင့် နှောင့်နှေးမှုတွေလည်း ရှိနေနိုင်ပါတယ်။ စပါးအသင်းဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကြီးမားကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပြီး လွန်ခဲ့တဲ့သုံးနှစ်ကလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် ၈၆ သန်း နဲ့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းကို ရောင်းထုတ်ဖူးပါတယ်။

ရီးရဲလ်အသင်းဟာဆိုရင်တော့ သူတို့သဘောကျတဲ့ ကစားသမားတွေကို မီဒီယာလှုပ်ခတ်မှုတွေနဲ့ မရ ရအောင် ခေါ်ယူနိုင်ခဲ့ပြီး မန်ယူအသင်းကတော့ ဒီဒဏ်ကို ကောင်းကောင်းခံစားခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

မန်ယူရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဘက်ခမ်းနဲ့ ရော်နယ်ဒိုတို့ကို ခေတ်အလိုက်ခေါ်ယူနိုင်ခဲ့ပြီး မန်ယူအသင်း အင်အားချည့်နဲ့သွားအောင် ဒုက္ခပေးခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ နောက်ဆုံး နှစ်သင်းကြားအပြောင်းအရွှေ့အနေနဲ့ မန်ယူဂိုးသမား ဒီဂီယာကို ရီးရဲလ်အသင်းက ဆက်သွယ်လာချိန်မှာတော့ မန်ယူအသင်းဟာ fax ကို ပိတ်ထားလိုက်ရတဲ့အထိ ရီးရဲလ်ကို ခပ်မာမာပဲ တုံ့ပြန်ခဲ့ပါတယ်။


လီဗာပူးလ်မှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မိုက်ကယ်အိုဝင်ကိုလည်း အပေါ်ကနည်းတွေနဲ့ပဲ ကြိုးကြာနီရင်ခွင်ထဲကနေ ဘာနေဗျူးကို ဆွဲထုတ်လာနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ ကစားသမားကောင်းတွေကို ခေါ်ယူရာမှာလည်း နှစ်ယောက်မရှိသလို အသင်းမှာခြေစွမ်းမပြရင်လည်း သံယောဇဉ်ဖြတ်ဖို့ ဝန်မလေးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။


ဒါ့ကြောင့် ကစားသမားကောင်းတွေကို နည်းပေါင်းစုံရော ၊ ငွေကြေးပါ ဖောဖောသီသီသုံးစွဲပြီး ခေါ်ယူတတ်တဲ့ ရီးရဲလ်အသင်းကိုတော့ စပါးအသင်း ငြင်းဆန်ရခက်နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေတဲ့ စပါးအသင်းကတော့ အသင်းရဲ့ ခြေတက်ကွင်းလယ်ကစားသမား အယ်လီကိုရော နောင်တော်ကြီး ဂါရတ်ဘေးလ်လို ရောင်းစားအုံးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment