Powered by Blogger.

ဂွာဒီယိုလာရဲ့ နည်းဗျူဟာတွေ ဆီမြွန်နီလက်အောက်မှာ ကျဆုံးခဲ့ရ



မနေ့ညက ဗင်းဆင့်ကယ်လ်ဒါရွန်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းက ဆာအူးလ်နစ်ဂွက်ဇ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ဧည့်သည်ဘိုင်ယန်မြူးနစ်အသင်းကို ပညာပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အကောင်းဆုံးကစားပုံနဲ့ အက်သလက်တီကိုအသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း မက်ဒရစ်သားတို့ရဲ့ ပါးနပ်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်ကြောင့် ဘိုင်ယန်မြူးနစ်အသင်း အခက်တွေ့ခဲ့ရပါတယ်။



အရန်ခုံပေါ်က ဂေါ့ဇီနဲ့ မူလာ

အက်သလက်တီကိုအသင်းကတော့ တောရက်စ် ၊ ဂရစ်ဇ်မန်း ၊ ဖာနန်ဒက်စ် ၊ ဂါဘီ ၊ ကိုကီ ၊ ဆာအူးလ်နီဂွက်ဇ် ၊ ဖိလစ်ပီလူးဝစ်စတဲ့ အမာခံကစားသမားတွေကို ပွဲထွက်ကစားစေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သီယာဂို ၊ ဒေါက်ဂလပ်စ်ကော်စတာ ၊ ဗီဒယ်လ် ၊ လီဝန်ဒေါစကီး ၊ ဂျာဗီမာတီနက်ဇ်တို့ကို ပွဲထွက်စေခဲ့ပြီး ဂေါ့ဇီနဲ့ မူလာနဲ့ ရစ်ဘာရီတို့လို ကစားသမားတွေကို အနားပေးထားခဲ့ပါတယ်။



နောက်တန်းတွေကြားက ဆာအူးလ်ရဲ့ ကန်ချက်

ဆာအူးလ်ရဲ့ ကန်ချက် ဂိုးဝင်သွားစဉ်
အက်သလက်တီကိုအသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် ၁၁ မိနစ်မှာတင်ပဲ ဆာအူးလ်နီဂွက်ဇ်က တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကွင်းတစ်ခြမ်းလောက်ကနေ ဘောလုံးကို တောက်လျှောက်ဆွဲပြေးလာတဲ့ နီဂွက်ဇ်ဟာဆိုရင်တော့ ဘိုင်ယန်မြူးနစ် ကစားသမားလေးယောက်ရဲ့ တားဆီးမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး အက်သလက်တီကိုအသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပ ရယူပေးခဲ့တာဖြစ်ပါတယ်။


နည်းဗျူဟာအားပြိုင်မှုတွေနဲ့ နည်းပြနှစ်ယောက်
ကောင်းကောင်းမကစားနိုင်ခဲ့တဲ့ လီဝန်ဒေါစကီး


ဒီပွဲမှာတော့ အက်သလက်တီကိုအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို ဂါဘီနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်ခံစစ်အတွဲက အကောင်းဆုံးထိန်းချုပ်ခဲ့ပြီး လီဝန်ဒေါစကီးက ဒီပွဲမှာ ကောင်းကောင်းမကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။


ဘားတန်းမှန်ပြီးထွက်လာတဲ့ အလာဘာရဲ့ ကန်ချက်

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘိုင်ယန်နောက်ခံလူ အလာဘာက သူ့ပုံစံအတိုင်းပဲ အဝေးကနေ အပြင်းကန်ခဲ့ရာမှာတော့ ဘားတန်းမှန်ခဲ့တာကြောင့် ဘိုင်ယန်တို့ ချေပရဂိုးရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပွဲချိန်တောက်လျှောက် ဘိုင်ယန်မြူးနစ်အသင်းက ဖိအားပေးခဲ့ပြီး ၇၃ မိနစ်မှာတော့ ဗီဒယ်လ်ရဲ့ ဧရိယာအပြင်ကနေ အပြင်းကန်ချက်ကို အက်သလက်ဂိုးသမား အော့ဘ်လက် နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။


ဒီပွဲမှာတော့ အက်သလက်ဂိုးသမား အော့ဘ်လက်ဟာ နေရာယူမှန်မှန်နဲ့ လုံးဝပျာယာမခတ်ဘဲ ဘိုင်ယန်အသင်းရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အကောင်းဆုံးတားဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။

၇၃ မိနစ်အရောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်ဖိကစားနေချိန်မှာ အက်သလက်တီကိုတို့ ဘောလုံးပြန်ရသွားပြီး ဂရစ်ဇ်မန်းနဲ့ တောရက်စ်တို့က တန်ပြန်တိုက်စစ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

 တောရက်စ်တစ်ယောက်တည်းဘောလုံးရသွားချိန်မှာတော့ တောရက်စ်ရဲ့ ဂိုးအနီးကပ်ကန်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် အက်သလက်တီကိုတို့ နောက်ထပ်ဦးဆောင်ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။


တိုင်ထိသွားတဲ့ တောရက်စ်ရဲ့ ကန်ချက်

ဒါေ့ကြာင့် ပထမအကျော့မှာတော့ ဘိုင်ယန်မြူးနစ်အသင်းတို့ မျက်နှာပန်းမလှခဲ့ဘဲ ဒုတိယအကျော့မှာ အနိုင်ကစားနိုင်ဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ ဗင်းဆင့်ကယ်လ်ဒါရွန်ကွင်းကြီး



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment