ချယ်လ်ဆီးအသင်းက အမ်ခီတာရန်နဲ့ ဘိုနူချီတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေ
ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ ရိုးမားကွင်းလယ်လူ Nainggolan (နိုင်ဂိုလန်)ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့အပြီးမှာ ဒေါ့မွန်ကွင်းလယ်ကစားသမား Mkhitaryan (အမ်ခီတာရန်) နဲ့ ဂျူဗင်တပ်နောက်ခံလူ Bonucci (ဘိုနူချီ) တို့ကို ဆက်လက်ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီဟာဆိုရင်တော့ အီတလီမှာ ခြေစွမ်းပြနေတဲ့ ကစားသမားအများအပြားကို စောင့်ကြည့်လျက်ရှိနေပြီး ချယ်လ်ဆီးအသင်းကို အသင်းကို အားဖြည့်ဖို့ ပြုလုပ်နေတာပါ။
ဒေါ့မွန်အသင်းရဲ့ အာမေးနီးယန်းကွင်းလယ်ကစားသမား အမ်ခီတာရန်ဟာဆိုရင်တော့ တန်ကြေးပေါင်သန်း ၂၀ လောက်အနည်းဆုံးရှိနိုင်ပြီး ဒေါ့မွန်အသင်းကတော့ ရောင်းချဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ဂျူဗင်တပ်နောက်ခံကစားသမား ဘိုနူချီကိုတော့ ကွန်တီက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အသုံးပြုပြီး ခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီး အင်္ဂလန်မှာ အတွေ့အကြုံသစ်လာရှာနိုင်အောင် တပည့်ဟောင်းဖြစ်သူကို ကူညီပေးသွားဖွယ်ရှိနေပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : The Guardian
0 comments :
Post a Comment