Powered by Blogger.

ဆဲလ်ကုသမှုခံယူရမယ့် ရော်နယ်ဒို နောက်တစ်ပတ်ဆီမီးဖိုင်နယ်မှာ ကစားနိုင်ဖို့လည်း မသေချာသေး




ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး  Ronaldo (ရော်နယ်ဒို)ကတော့ ပေါင်ဒဏ်ရာကနေ သက်သာလာခဲ့ပြီးတဲ့နောက်မှာ မန်စီးတီးအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်။

 ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ အဆင့်မြင့် တံကောက်ကြော ပင်မဆဲလ်ကုသမှုတွေ ခံယူရဖွယ်ရှိနေခဲ့တဲ့အတွက် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်သွားဖွယ်တွေရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းကတော့ ရော်နယ်ဒိုမပါဝင်နိုင်ခဲ့ရင်လည်း မန်စီးတီးအသင်းကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေပြီး မီလန်မြို့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာသာ ရော်နယ်ဒိုပြန်လည်ပါဝင်နိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်နေပါတယ်။




ဒီရာသီမှာ အသင်းအတွက် ၄၇ ဂိုးအထိသွင်းယူပေးထားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဒီအခြေအနေကိုတော့ နည်းပြဇီဒန်းက စိုးရိမ်မှုတွေရှိနေပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကတော့ မထင်မှတ်ပဲ ဒဏ်ရာရှည်ကြာမှုရှိနေတာကို စိတ်ပျက်လျက်ရှိနေပြီး သူသာ နောက်တစ်ကျော့မှာ ပြန်ကစားခွင့်ရခဲ့ရင် ဖိုင်နယ်ပွဲစဉ်လို ကစားမိမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ Instagram ပေါ်မှာ ပရိသတ်တွေကို “စိတ်မပူနဲ့ ပျော်ပျော်နေလို့” အညွှန်းရေးသားခဲ့ပြီး Gym ကစားနေတဲ့ ပုံရိပ်တွေကို တင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒုတိယအကျော့ကို လွဲချော်ဖို့ သေချာသလောက်ရှိနေတယ်လို့ ကြေညာထားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment