Powered by Blogger.

မန်ယူပစ်မှတ် နေမာကို ပီအက်စ်ဂျီအသင်းက ပေါင် ၁၅၅ သန်းနဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေ



ဒီသတင်းကတော့ exclusive ပါပဲ။ မန်ယူအသင်းရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ ဘာစီလိုနာစတား Neymar (နေမာ) ကို ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းက စာချုပ်လျော်ကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၁၅၅ သန်းနဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်အသင်းခေါင်းဆောင်ဟာဆိုရင်တော့ ဘာကာအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်အထိကျန်ရှိနေသေးပေမယ့်လည်း မေလမတိုင်ခင်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးသွားမှာမဟုတ်ဘူးလို့ နေမာရဲ့ ဖခင်ဖြစ်သူက ပြောကြားထားခဲ့ပါတယ်။

နေမာဟာဆိုရင်တော့ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တဲ့ အပြောင်းအရွှေ့ဟာ အခုအချိန်အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရဆဲဖြစ်တာကြောင့် နေမာက ဘာကာနဲ့ စာချုပ်သက်တမ်းတိုး ဆွေးနွေးမှုကို ဆိုင်းငံ့ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နေမာရဲ့ အေးဂျင့်ဖြစ်သူ ရီဘဲရိုးကတော့ “ဘာစီလိုနာမှာ နေမာက ၂၀၁၈ အထိရှိနေမယ်။ ဒါက ကျွန်တော်ပြောနိုင်တာပဲ။ ဘာစီလိုနာအသင်းလိုကလပ်မှာ ကစားရတာကတော့ အရမ်းကို ကံကောင်းပါတယ်။ ပီအက်စ်ဂျီဆိုတဲ့ ခေတ်သစ်နာမည်ကျော် ဘောလုံးအသင်းကလည်း နေမာကို လာမယ့်နှစ်နှစ်မှာတောင် ဘာကာမှာ ဆက်မနေဖို့ စိတ်ပြောင်းသွားအောင်လုပ်နိုင်နေတယ် ” လို့ ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဟာဆိုရင်တော့ နေမာကို တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းဝန်းကျင်အထိပေးချေသွားဖို့ အစီအစဉ်ရှိနေပြီး ဘရာဇီးလ်အသင်းဖော်ဖြစ်တဲ့ ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကလည်း နေမာကို ပဲရစ်မှာ လာကစားဖို့ ဖိတ်ခေါ်လျက်ရှိနေတာကြောင့် အင်္ဂလန်ထိပ်သီးမန်ယူအသင်းနဲ့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းတို့ရဲ့ နေမာကို အပြိုင်ကြိုးပမ်းမှုကတော့ ကြည့်လို့ကောင်းနေအုံးမှာပါပဲ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : espn


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment