Powered by Blogger.

ရီးရဲလ်အသင်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူမှုတွင် ယူရိုသန်း၉၀အထိ အမှန်တကယ်ကျသင့်ခဲ့




ဘောလုံးရပ်ဝန်းရဲ့ လျှို့ဝှက်စာချုပ်တွေကို တစ်ခုပြီးတစ်ခုထုတ်ဖော်လျက်ရှိနေတဲ့ Football Leaks ဝက်ဘ်ဆိုက်ဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့  James Rodriguez (ဂျိမ်းစ်ရိုဒရီဂွက်ဇ်)တို့ကြား သဘောတူညီထားတဲ့ အပြောင်းအရွှေ့စာချုပ်ကိုလည်း ထုတ်ဖော်လိုက်နိုင်ပြီဖြစ်ပါတယ်။

ကိုလံဘီယာအသင်းရဲ့ လက်ရွေးစင်ကစားသမားဟာဆိုရင်တော့ မိုနာကိုအသင်းကနေ ရီးရဲလ်အသင်းကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အပိုဆုကြေးအနေနဲ့ မိုနာကိုအသင်းကို နောက်ထပ် ယူရို ၁၅ သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်ခါရတိုင်း ယူရိုတစ်သန်းကို မိုနာကိုအသင်းကို ပေးချေနေရတဲ့ သဘောတူညီချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပြီး ၂၀၁၄-၂၀၁၅ ရာသီကနေ စတင်အသက်ဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ခြောက်နှစ်အထိ ကြာမြင့်မယ့် ဒီသဘောတူညီချက်ဟာဆိုရင်တော့ အပိုဆုကြေးငွေအတော်များများကို ရီးရဲလ်အသင်းက တစ်ဖက်သတ်ပေးချေနေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ FIFA Ballon d’Or ဆု ဆန်ကာတင်စာရင်းမှာ ဘယ်နေရာကနေ ပါဝင် ပါဝင် ရီးရဲလ်အသင်းက မိုနာကိုအသင်းကို ယူရိုငါးသန်းပေးချေရမှာဖြစ်ပြီး ဒီသဘောတူညီချက်ကတော့ တစ်ကြိမ်သာအသက်ဝင်မှာဖြစ်ပါတယ်။


နောက်ထပ်သဘောတူညီမှုတစ်ခုကတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ FIFA Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ရင် ရီးရဲလ်အသင်းက မိုနာကို အသင်းကို နောက်ထပ် ယူရိုငါးသန်းပေးချေရမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီမတိုင်ခင်အထိ သဘောတူညီချက်က အသက်ဝင်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုဒရီဂွက်ဇ်ရဲ့ တန်ကြေးဟာ ယူရိုသန်း ကိုးဆယ်အထိရှိလာခဲ့ပြီး စာချုပ်မဖျက်သိမ်းခင်အထိ အခုလို ပေးချေနေရမှာပါ။

ပေါ်တိုအသင်းကနေ ထင်ပေါ်လာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဆိုရင်တော့ အသင်းဖော် စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့နောက်မှာ ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ကြေး တတိယအမြင့်မားဆုံးကစားသမားတစ်ယောက်ဖြစ်တယ်လို့လည်း Football Leaks က အခုလို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment