Powered by Blogger.

ကွန်တီက ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ လန်ဒန်ကို လာရောက်လျက်ရှိနေ


အီတလီလက်ရွေးစင်ဘောလုံးနည်းပြအဖြစ် ကိုင်တွယ်လျက်ရှိနေတဲ့ နည်းပြ Conte (ကွန်တီ) ဟာဆိုရင်တော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပေါင် ၁၅ သန်းတန် နဲ့ သုံးနှစ်စာချုပ်ချုပ်ဖို့အတွက် လန်ဒန်မြို့ကို လာရောက်လျက်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၄၆ နှစ်အရွယ် နည်းပြကိုတော့ ချယ်လ်ဆီးအသင်းက တစ်နှစ်ကို ပေါင်ငါးသန်းပေးချေသွားဖို့ စီစဉ်လျက်ရှိပြီး သုံးနှစ်စာချုပ် ပေါင် ၁၅ သန်းအထိ ပေးချေသွားမှာဖြစ်ပါတယ်။

ကွန်တီဟာဆိုရင်တော့ ၂၀၁၆ ယူရိုပြိုင်ပွဲမပြီးဆုံးမချင်းတော့ ချယ်လ်ဆီးအသင်းကို အပြည့်အဝကိုင်တွယ်နိုင်ဖွယ် မရှိဘူးလို့လည်း သိရပါတယ်။ ကွန်တီဟာဆိုရင်တော့ သူရဲ့ အလုပ်ဖော်လက်ထောက် ငါးယောက်ကိုလည်း ချယ်လ်ဆီးအသင်းကို ခေါ်ဆောင်လာဖွယ်ရှိတာကြောင့် ချယ်လ်ဆီးအသင်းနောက်ကွယ်မှာတော့ အလုပ်ရှုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ကွန်တီဟာ သူ့ရဲ့ ညီဖြစ်သူ လက်ထောက်နည်းပြနဲ့အတူ နည်းစနစ်အကြံပေး ၊ လက်ထောက်နည်းပြငယ်သုံးယောက်နဲ့ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်တို့ကို ခေါ်ယူလာဖွယ်ရှိပါတယ်။ ကွန်တီဟာဆိုရင်တော့ အေစီမီလန်အသင်းရဲ့ ချဉ်းကပ်မှုကိုခံခဲ့ရပေမယ့်လည်း အီတလီသားကတော့ အင်္ဂလန်အသင်းတွေကိုသာ စိတ်ဝင်စားခဲ့ပြီး အင်္ဂလိပ်စကားတွေကိုတောင် အပြင်းအထန်သင်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ နည်းပြချုပ်တွေဖြစ်တဲ့ ဘိုအာ့စ် ၊ ဒီမတ်တီယို ၊ ဘင်နီတက်ဇ်နဲ့ မော်ရင်ဟိုတို့လက်အောက်မှာ အလုပ်လုပ်ခဲ့ပြီး ယခုအချိန်ထိ ဟစ်ဒင့်ရဲ့ လက်အောက်မှာ အလုပ်လုပ်လျက်ရှိနေတဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်ကိုရော ကွန်တီလက်ထက်မှာ ဆက်ထားသွားဖွယ်ရှိမရှိဆိုတာတော့ မသေချာသေးဘူးလို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment