Powered by Blogger.

ဘာစီလိုနာအသင်းက လက်စတာဂိုးသမား ကတ်စပါရှမိုက်ကယ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန်စီစဉ်



ဘာစီလိုနာအသင်းဟာဆိုရင်တော့ ထွက်ခွာဖွယ်ရှိနေတဲ့ ဂိုးသမား တာစတီဂန်နေရာမှာ အစားထိုးဖို့အတွက် လက်စတာအသင်းမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ကတ်စပါရှမိုက်ကယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

လက်စတာအသင်းရဲ့ ချန်ပီယံပြေးလမ်းပေါ်ရပ်တည်နေမှုမှာ အဓိက အနေနဲ့ ပါဝင်ခဲ့တဲ့ ရှမိုက်ကယ်ကို ဘာကာက ပေါင် ၁၅ သန်းနဲ့ နျူးကမ့်ကို အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှမိုက်ကယ်ဟာဆိုရင်တော့ သူ့ရဲ့ ကစားသမားဘဝမှာ လိဂ်တူးကလပ် နော့ကောင်တီ ၊ ချန်ပီယံရှစ်ကလပ် လိဒ်နဲ့ လောလောဆယ် လက်စတာအသင်းတို့မှာသာ ကစားခဲ့ဖူးတာပါ။ ဒီလိုမျိုး အောက်တန်းအသင်းတွေမှာသာ ကစားခဲ့ရပေမယ့်လည်း သူ့ရဲ့ လက်စွမ်းက ကျေနပ်စရာဖြစ်နေတာကြောင့် ဘာကာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ရှမိုက်ကယ်အနေနဲ့ကတော့ လက်စတာအသင်းရဲ့ အဓိက ဂိုးသမားတစ်ယောက်အဖြစ်ရှိနေရပြီး နောက်ရာသီမှာလည်း လက်စတာအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားဖို့ရှိနေတာကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ သိရပါတယ်။

ဘာစီလိုနာကနေ ထွက်ခွာမယ့် တာစတီဂန်ကတော့ မန်စီးတီး ၊ လီဗာပူးလ်စတဲ့ အသင်းတွေနဲ့ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကလည်း ရှမိုက်ကယ်အပြင် ဆောက်သမ်တန်ဂိုးသမား ဖရေဆာဖော်စတာကိုလည်း ချိတ်ဆက်လျက်ရှိတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment