Powered by Blogger.

ဘိုင်ယန်မြူးနစ်အသင်းက အာဆင်နယ်တောင်ပံကစားသမား ဆန်းချက်ဇ်ကို အရှိန်အဟုန်မြင့်ကမ်းလှမ်းလာ



အာဆင်နယ်အသင်းအနေနဲ့တော့ လာမယ့် နွေရာသီမှာ ဘိုင်ယန်ရဲ့ ကြီးမားတဲ့ အနှောင့်အယှက်ပေးမှုကို ခံရဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ အဓိက ချီလီတောင်ပံကစားသမား Sanchez (ဆန်းချက်ဇ်)ကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်မြေကို အရောက်ခေါ်ယူချင်နေပြီး အသင်းရဲ့ ကွင်းလယ်လူ အာတူရိုဗီဒယ်လ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ချဉ်းကပ်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ဆန်းချက်ဇ်နဲ့ ဖန်တီးရှင် အိုဇေးလ်တို့ကို စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်နေပြီး လာမယ့်နွေအတွင်းမှာ အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ရနေတဲ့ ဆန်းချက်ဇ်ဟာဆိုရင်တော့ အသင်းနဲ့အတူ စာချုပ်သက်တမ်းနှစ်နှစ်အထိ ကျန်ရှိနေသေးပြီး အသင်းက ပေါင် ၁၆၀၀၀၀ အထိတိုးပေးသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာဆိုရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်ရှိအချိန်အထိ မသေချာသေးဘဲ အကယ်လို့သာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တော့ လက်ရှိကစားသမားတွေကို စာချုပ်သက်တမ်းတိုးတဲ့နေရာမှာ ဟန့်တားမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

ဘိုင်ယန်အသင်းကတော့ ဆန်းချက်ဇ်ကို ရာသီတိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရစေဖို့ အာမခံနိုင်ပြီး လိဂ်ချန်ပီယံကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း အာမခံနိုင်တယ်လို့ ဆိုပါတယ်။ ဒီရာသီမှာတော့ ဆန်းချက်ဇ်ဟာ ၁၆ ဂိုးသွင်းယူထားပြီး တံကောက်ကြောဒဏ်ရာကြောင့် အချိန်အတော်ကြာအနားယူခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. အာဆင်နယ်က သူ့ကိုရောင်းလဲ ပိုက်ဆံရတာကလွဲလို့ သူ့အတွက် အကျိုးမယုတ်တဲ့အပြင် အမြတ်ရတာချည်းပါ...
    ဘယ်လို လူကောင်းတွေရှိရှိ လေးစားစရာ ဖလားတွေလဲ မရပါ...
    ရောင်းလိုက်လို့လဲ ဒုက္ခမရောက်ပါ... နှစ်ပေါင်းများစွာ အာဆင်နယ်က ဒီနေရာက ဒီနေရာပါ...
    အရင်နှစ်တွေ တုန်းကတော့ ယှဉ်ပြိုင်ရတဲ့ပြိုင်ဖက်တွေက မတိုးလောက်သာလို့ လက်ခံရပေမယ့်..အဲဒီ ပြိုင်ဖက်တွေ ကျဆုံးနေတဲ့အချိန် သူက မကျဆုံးပေမယ့် အောင်မြင်မလာတော့ ......................
    ဦးကျော်ဟိန်း ... စကားနဲ့ဆို ဆယ်နှစ်လို့ ပြောလဲ မလွန်တော့ပါဘူးလေ

    ReplyDelete