Powered by Blogger.

လက်စတာတိုက်စစ်ကျားဗာဒီ ထပ်တိုးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှုကြောင့် မန်ယူအသင်းနဲ့ပွဲကို လွဲချော်မည်



လက်စတာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ လက်စတာတိုက်စစ်မှူး Vardy (ဗာဒီ)ဟာ FA (အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်)ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံခဲ့ရအပြီးမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန်စောဒကတက်ခဲ့တာကြောင့် ထပ်တိုးတစ်ပွဲပယ်ပြစ်ဒဏ်ကို ထပ်မံခံယူရတော့မှာဖြစ်ပါတယ်။ 

အဲ့ဒီပွဲမှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် ဂျွန်မော့စ်ဟာ ဗာဒီကို ဟန်ဆောင်လှဲချခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ဒုတိယအဝါကတ်ပြခဲ့ပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာပါ။ အဲ့အချိန်မှာတော့ ဗာဒီဟာ ဒိုင်လူကြီးကို စောဒကတွေတက်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို မကျေနပ်ဘူးလို့ တောက်လျှောက်ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးအထိ သွင်းယူထားတဲ့ ဗာဒီဟာ ဆွမ်ဆီးကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အခုနောက်တိုးတစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုလည်း လွဲချော်သွားတော့မှာဖြစ်ပါတယ်။

ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဂျွန်မော့စ်ဟာဆိုရင်တော့ လက်စတာအသင်းဒါရိုက်တာ အန်ဒရူးနဗီးလ်နဲ့လည်း အဝတ်လဲခန်းအတွင်းမှာ ပြဿနာတက်ခဲ့ပုံပေါ်ပြီး ဝက်စ်ဟမ်းအသင်းကို အငြင်းပွားစရာ ပင်နယ်တီပေးခဲ့တာကြောင့် လက်စတာကစားသမားတွေနဲ့လည်း အခြေအတင်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်ရပ်တွေမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က ဗာဒီဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး ဗာဒီဟာ ဟန်ဆောင်လှဲချတတ်သူတစ်ယောက်မဟုတ်သလို လူသားကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် ဒေါသထွက်ပြီး ဒိုင်ကို အတင်း စောဒကတက်ခဲ့မိတာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment