Powered by Blogger.

နာပိုလီအသင်းက ဟီဂူအင်ကိုရောင်းထုတ်ပြီး ဟာရီကိန်းကိုပြန်ခေါ်မယ်လို့ မာရာဒိုနာပြောကြား



အာဂျင်တီးနားဂန္တဝင်ကစားသမားကြီး မာရာဒိုနာကတော့ နာပိုလီအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူ့း Higuain (ဟီဂူအင်)ကို ပြန်လည်ရောင်းထုတ်နိုင်ပြီး စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

ဟီဂူအင်ဟာဆိုရင်တော့ ဒီနှစ် စီးရီးအေမှာ ဂိုး ၃၀ အထိ သွင်းယူထားနိုင်ပြီး ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဘားလားထက် ၁၄ ဂိုးလောက် ပိုပြီး သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပါတယ်။ နာပိုလီအသင်းကို စီးရီးအေရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်အောင်လည်း အကောင်းဆုံးစွမ်းဆောင်ပေးထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

နာပိုလီအသင်းဟာဆိုရင်တော့ ရိုးမားအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်း စကူဒက်တိုဖလားကို ပြိုင်ဘက်ဂျူဗင်တပ်ဆီကို ပေးအပ်လိုက်ရပြီး ချန်ပီယံမျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။ ၂၀၁၅-၂၀၁၆ ရာသီမှာ ဟီဂူအင်ဟာ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့်လည်း နာပိုလီ ဥက္ကဋ္ဌ ဒီလော်ရန်းတစ်က အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဟီဂူအင်ကို ပြန်လည်ရောင်းထုတ်သွားမှာ သေချာတယ်လို့ မာရာဒိုနာကပြောပါတယ်။

“ကျွန်တော် ဒီလော်ရန်းတစ်ရဲ့ စိတ်ကို သိပါတယ်။ သူ ဟီဂူအင်ကို ရောင်းမှာပါ။ ဟီဂူအင်က နာပိုလီအသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ရာသီမှာတော့ ဒီလိုပြန်ကစားနိုင်ဖွယ်မရှိပါဘူး။ ကျွန်တော်တို့ ကာဗာနီကိုရောင်းလိုက်တာလည်း မြင်ဖူးပြီးပါပြီ။ ”

“သူ့ကိုရောင်းချပြီး ရလာမယ့်ငွေနဲ့ အသင်းကို ပြန်တည်ဆောက်ဖွယ်ရှိပါတယ်။ ဟီဂူအင်လို ကစားသမားမျိုး ပြန်ရှာဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ရွေးပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဟာရီကိန်းဘယ်လောက်တန်ကြေးရှိတယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် ခေါ်ယူနိုင်စွမ်းတော့ရှိပါတယ်” လို့ မာရာဒိုနာက ပြောကြားခဲ့တာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment