Powered by Blogger.

မန်ယူနောက်ခံလူ လုခ်ရှော ခြေထောက်ကျိုးဒဏ်ရာနေပြန်သက်သာလာပြီး လေ့ကျင်ခန်းပြန်ဆင်းနေ



ခြေထောက်အရိုးနှစ်ချောင်းကျိုးဒဏ်ရာကြောင့် ခုနစ်လလောက်အနားယူနေရတဲ့ မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ Luke Shaw (လုခ်ရှော)ဟာဆိုရင်တော့ ပြန်လည်ကောင်းမွန်လာလျက်ရှိနေပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းလျက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ လုခ်ရှောဟာဆိုရင်တော့ စက်တင်ဘာလအတွင်းက နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဟက်တာမော်ရီနိုရဲ့ ဖျက်ထုတ်မှုကြောင့်  အခုလို ခြေထောက်ကျိုးဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပါ။

ခြေထောက်ကျိုးပြီးနောက်ပိုင်းမှာတော့ လုခ်ရှောတစ်ယောက် ကြံ့ခိုင်ရေးအစီအစဉ်တွေကို အသည်းအသန်ပြုလုပ်ခဲ့ရပြီး အခုအချိန်မှာတော့ အကောင်းဆုံးအခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အသင်းမှာ လေ့ကျင့်ရေး ပြန်ဆင်းနေတဲ့သတင်းကိုတော့ လေ့ကျင့်ရေးကွင်းမှာ ရှောက မာတာနဲ့အတူတွဲရိုက်ထားတဲ့ပုံနဲ့ သက်သေပြခဲ့ပါတယ်။

ရှောဟာဆိုရင်တော့ ယူရို ၂၀၁၆ အတွက် အင်္ဂလန်လူစာရင်းမှာ ပါဝင်လျက်ရှိနေတုန်းပဲဖြစ်တယ်လို့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ပြောပါတယ်။ မန်ယူအသင်းနည်းပြ ဗန်ဟားလ်ကတော့ လုခ်ရှောဟာ ဒီရာသီမကုန်ခင်မှာ ပြန်လည်ကစားနိုင်ဖွယ်မရှိဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းက ဒဏ်ရာရနေတဲ့ နောက်ထပ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဖီးလ်ဂျုန်းစ်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပြီး မန်ယူ ယူ-၂၁ အသင်းရဲ့ ပွဲစဉ်တွေမှာတောင် ပူးပေါင်းလေ့ကျင့်ကစားလျက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဖီးလ်ဂျုန်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလားနောက်ပိုင်းမှာတည်းက ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment