Powered by Blogger.

ရီးရဲလ်တို့ ဂျာမန်မြေမှာ အရှုံးပေးခဲ့ရပြီး မန်ချက်စတာသားတို့ ပဲရစ်မှာ သရေယူနိုင်ခဲ့



မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ ဒုတိယနေ့ပွဲစဉ်တွေမှာတော့ မထင်မှတ်တဲ့ ရလဒ်တွေထွက်ပေါ်လာခဲ့ပြီး စပိန်ဘီလူးရီးရဲလ်တို့က ဂျာမန်မြေမှာ နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီက မန်စီးတီးအသင်းကို သက်တောင့်သက်သာအနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပွဲစဉ်ကတော့ နှစ်ဂိုးသရေရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။



ဝုလ်ဖ်ဘတ် ၂-၀ ရီးရဲလ်မက်ဒရစ်

ဘာစီလိုနာအသင်းရဲ့ ၃၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ရီးရဲလ်တို့ ကစားပုံက အတော်လေးညံ့နေခဲ့ပါတယ်။ ပထမပိုင်း အစောပိုင်းမှာတင် သွင်းယူသွားခဲ့တဲ့ဂိုးတွေဖြစ်ပေမယ့်လည်း ရီးရဲလ်တို့ ပြန်မလာနိုင်ခဲ့ပါဘူး။

ဝုလ်ဖ်ဘတ်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ရီကာဒီုရီုဒရီဂွက်ဇ်က ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၂၄ မိနစ်အရောက်မှာတော့ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး မက်စီမီလီယန်အာနိုးလ်က ထပ်မံသွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာတော့ ဘေးလ်တစ်ယောက်သာ ရီးရဲလ်အတွက် အားကိုးစရာရှိခဲ့ပြီး ရော်နယ်ဒိုလည်း ခြေစွမ်းပြဖို့ကို ရုန်းကန်နေခဲ့ရပါတယ်။



ရီးရဲလ်အသင်းနောက်ခံလူ မာဆယ်လိုဟာလည်း အာနိုးလ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ တမင်ဟန်ဆောင်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီရလဒ်ကြောင့် ရီးရဲလ်တို့ ဘာနေဗျူးကွင်းမှာ မဖြစ်မနေ အနိုင်ကစားဖို့အတွက် ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။



ပီအက်စ်ဂျီ ၂-၂ မန်စီးတီး

မန်စီးတီးအသင်းကတော့ ပဲရစ်မှာ သွားရောက်ကစားခဲ့ရပေမယ့် ဂိုးသမားဂျိုးဟတ်ရဲ့ လက်စွမ်ပြမှုတွေနဲ့ တန်ပြန်တိုက်စစ်ကောင်းခဲ့လို့ အခုလို သရေရလဒ်ထွက်ပေါ်လာခဲ့တာပါ။ ပွဲချိန် ၃၉ မိနစ်မှာ ပီအက်စ်ဂျီကွင်းလယ်လူ မာတွီဒီလူပေးမှားရာကနေ ဖာနန်ဒင်ဟိုက တောက်လျှောက်ဆွဲပြေးပြီး ဒီဘရိုင်းကို ထိုးအပေးမှာ ဒီဘရိုင်းက အပိုအလိုမရှိ ကန်သွင်းခဲ့တာကြောင့် မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ပီအက်စ်ဂျီအသင်း အကောင်းဆုံး တိုက်စစ်ပြန်ဆင်ခဲ့ပြီး မိနစ်လေးဆယ်မှာပဲ ဖာနန်ဒိုရဲ့ အမှားကနေ ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က လုပြီးသွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ ဒေါ့ကန်ဘောကနေတစ်ဆင့် ကာဗာနီရဲ့ ခေါင်းတိုက်ချက်ကို မန်စီးတီးဂိုးသမား ဂျိုးဟတ်ကာကွယ်နိုင်ခဲ့ပေမယ့် ရက်ဘရော့က ပိတ်သွင်းယူခဲ့ပြီး ပီအက်စ်ဂျီကို ဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ပီအက်စ်ဂျီနောက်တန်းတွေ ပျာယာခတ်နေတဲ့အနေအထားကနေ ဖာနန်ဒင်ဟိုက ချေပဂိုးကို အသာအယာကန်သွင်းခဲ့တာကြောင့် နှစ်သင်းလုံး နှစ်ဂိုးစီနဲ့ ကျေနပ်ခဲ့ရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Daiymail



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment