Powered by Blogger.

လက်စတာ icon မာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်း ခြေလှမ်းစတင်



အယ်ဂျီးရီးယားလက်ရွေးစင်နဲ့ လက်စတာအတွက် အားထားရတဲ့ ကွင်းလယ်လူ Mahrez (မာရက်ဇ်)ဟာဆိုရင်တော့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လက်စတာအသင်းအတွက် အရေးပါတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် မာရက်ဇ်ဟာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရှိလာပြီဖြစ်ပြီး လက်စတာကလည်း ဒုတိယနေရာက စပါးအသင်းကို ငါးမှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီလိုခြေစွမ်းတွေကြောင့် လက်စတာအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့ မာရက်ဇ်ကို လာမယ့်နွေရာသီမှာ ဥရောပချန်ပီယံဖြစ်တဲ့ ဘာစီလိုနာအသင်းက ပေါင် ၁၅ သန်းဝန်းကျင်လောက် အသုံးပြုပြီး ခေါ်ယူဖို့ ဖြစ်စေခဲ့တာပါ။

မာရက်ဇ်ကိုတော့ ဘာစီလိုနာဘောလုံးကင်းထောက်တွေက စောင့်ကြည့်နေတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နည်းပြချုပ် လူးဝစ်အန်းနရစ်က လာမယ့် နွေအပြောင်းအရွှေ့မှာ ဒီရဲ့မြေခွေးကွင်းလယ်လူကို သူတို့ရဲ့ ဦးစားပေး ကစားသမားစာရင်းထဲကို ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မာရက်ဇ်ဟာဆိုရင်တော့ ဒေါ့မွန်ကွင်းလယ်ကစားသမား မာကိုရူးစ်ကို ကျော်တက်ပြီး ဘာစီလိုနာအသင်းကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် မာရက်ဇ်ကိုတော့ အန်းနရစ်က ကာလရှည်စောင့်ကြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဖန်တီးမှုစွမ်းရည်နဲ့ အဆုံးသတ်ပိုင်းတွေကိုတော့ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ စိတ်ချသွားတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မာရက်ဇ်ဟာဆိုရင်တော့ ၂၀၁၉ အထိ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး လက်စတာအသင်းသာ ဥရောပမှာ ယှဉ်ပြိုင်ကစားခွင့်ရခဲ့ရင် မာရက်ဇ်အနေနဲ့ အသင်းပြောင်းဖို့ ဖြစ်နိုင်ချေနည်းပါးသွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment