Powered by Blogger.

မာတာရဲ့ ရူးနှမ်းတဲ့ အနီကတ်က အသင်းအတွက် ဒုက္ခပေးခဲ့တယ်လို့ နည်းပြ ဗန်ဟားလ်ဝေဖန်



မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ Van Gaal (လူးဝစ်ဗန်ဟားလ်)ကတော့ Mata (မာတာ)ရဲ့ အနီကတ်ဟာ ရူးနှမ်းတဲ့ လုပ်ရပ်ဖြစ်ပြီး မာတာကြောင့် အသင်းလည်း အခုလို ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်တယ်လို့ မာတာကို အပြစ်တင်ခဲ့ပါတယ်။

“ဒီပွဲက နောက်ထပ်တစ်ပွဲအတွက်လည်း အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းကို ဆိုးရွားတဲ့ ဖြစ်ရပ်ပါပဲ။ ကျွန်တော့်အတွက်တော့ ရှုံးဖို့မလိုတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကျွန်တော်တို့ ရှုံးကို မရှုံးသင့်တာပါ။ ကျွန်တော်တို့ တစ်ယောက်လျော့နဲ့ အချိန်အတော်ကြာကစားခဲ့ရပေမယ့်လည်း အခွင့်အရေးကတော့ အတူတူဖန်တီးနိုင်ခဲ့ပါတယ်။ ဆယ်ယောက်က ဆယ့်တစ်ယောက်ကို ယှဉ်ပြီး အခွင့်အရေးဖန်တီးဖို့ဆိုတာတော့ မလွယ်ကူပါဘူး။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်စေခဲ့ပါတယ်။” လို့ ဗန်ဟားလ်က ပြောပါတယ်။

“ကျွန်တော်တို့ ကစားသမားတွေကို ဝက်စ်ဘရွန်းကစားသမားတွေကလည်း ဖျက်ထုတ်မှုတွေပြုလုပ်ခဲ့တာပဲ။ ဒါပေမယ့် ဘာအဝါကတ်မှ မပြခဲ့ဘူး။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ငါးမိနစ်အတွင်းမှာတင် မာတာကို အဝါကတ်နှစ်ကတ် ပြလိုက်တယ်။ ”
“မာတာရဲ့ ပထမအဝါကတ်ကတော့ ရူးပါတယ်။ ဒီပထမတစ်ဝါက ကျန်တဲ့ပွဲချိန်တွေမှာ နောက်ထပ်တစ်ဝါထိဖို့ အရမ်းကို လွယ်တယ်။ ကစားသမားတစ်ယောက်အနေနဲ့တော့ ပိုသိသင့်တယ်။ သတိထားရမှာက အဝါကတ်တစ်ကတ်ပြီးရင် အနီကတ်ကလွယ်တယ်။” လို့ ဗန်ဟားလ်က မာတာရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။

မာတာထွက်ရပြီးတဲ့နောက်မှာ ရက်ရှ်ဖို့ဒ်ကို တောင်ပံထွက်ကစားခိုင်းတာနဲ့ ပတ်သက်ပြီးတော့လည်း ဗန်ဟားလ်က “ကျွန်တော်ထင်တာက တိုက်စစ်မှူးတစ်ယောက်တည်းပြန်ဖြစ်သွားတဲ့ အချိန်မှာ မာရှယ်လ်က တိုက်စစ်မှာ ပိုသင့်တော်မယ်လို့ ထင်တယ်။ ရက်ရှ်ဖို့ဒ်ကို ညာတောင်ပံထုတ်ပြီး မာရှယ်လ်ကို အထဲပြန်ထည့်လိုက်တာက အသင်းအတွက်ပိုကောင်းစေမယ်လို့ ထင်လို့ပါ” ဆိုပြီး ကာကွယ်ပြောကြားသွားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment